Перейти к содержимому

ခြံနံပါတ် ၅၄ အမွေမှု ဘာဆက်ဖြစ်နိုင်လဲ - BBC News မြန်မာ

BBC News မြန်မာ

0:00 / 0:00

ခြံနံပါတ် ၅၄ အမွေမှု ဘာဆက်ဖြစ်နိုင်လဲ - BBC News မြန်မာ

686 085 просмотров · 4 года назад
BBC News မြန်မာ
2,75 млн подписчиков
686 085 просмотров · 4 года назад
ခြံနံပါတ် ၅၄ အမွေမှု ဘာဆက်ဖြစ်နိုင်လဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သားနဲ့သမီးဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား ခြံနံပါတ် ၅၄ အမွေအမှုကိစ္စက လူထုတွေကြား ပြန်လည် လှုပ်ခတ်မှုရှိခဲ့ပါတယ်။ အနှစ်နှစ်ဆယ်ကျော်ကြာ တရားရင်ဆိုင်ခဲ့တဲ့ဒီအမှုဟာ အများသိထားသလို ၂၀၁၈ ခုနှစ်မှာ အပြီးသတ်ခဲ့တာပါ။ ဒါပေမဲ့ မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အခုတစ်နှစ်ခွဲအတွင်း ဒီအမွေမှု တစ်ကျော့ပြန်ပေါ်ပေါက်လာခဲ့ပါတယ်။ အခုအခါ ဦးအောင်ဆန်းဦးရဲ့ တောင်းဆိုချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဒီတော့နောက်ဆုံးအဆင့်လို့အများသိကြတဲ့ ဦးအောင်ဆန်းဦးတင်တဲ့ အထူးအယူခံတင်ခွင့်ကို ၂၀၁၈ မှာပယ်ချခံရပြီးမှ အခု၂၀၂၂ မှ ဒီအမှု ဘာကြောင့် ပြန်လည်စတင်လာတာပါလဲ၊ ဦးအောင်ဆန်းဦး တောင်းဆိုချက်တွေက ဘာတွေပါလဲ။ အထူးအယူခံကိုခွင့်ပြုလိုက်တဲ့နောက် ဥပေဒေကြောင်းချင်းရာအရ ခြံနံပါတ် ၅၄ အမွေမှု ဘာဆက်ဖြစ်လာနိုင်ပါသလဲ။ အခုတပတ်ဆွေးနွေးကြမယ့်သူတွေကတော့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေကြီးဦးအေးလွင်၊ နောက် ဒီအမွေအမှုကိစ္စနဲ့ ပတ်သက်ပြီး လေ့လာနေသူလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်တို့ဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်း