ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာအနီးစစ်တပ်နဲ့ ကရင်နီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးရ
MNO NEWS
0:00 / 0:00
ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာအနီးစစ်တပ်နဲ့ ကရင်နီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးရ
532 просмотра · 1 месяц назад
MNO NEWS
143 тыс. подписчиков
532 просмотра · 1 месяц назад
28 JULY 2026
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ဒေါငံခါးရွာအနီး
စစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်ခဲ့လို့ ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဇူလိုင် ၂၇ ရက် နံနက်ပိုင်းမှာ ငွေတောင်အခြေစိုက်
ခလရ (၁၀၂) တပ်ရင်းမှ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်း
နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ဒါအပြင် ဒေသခံတွေ တိမ်းရှောင်ဖို့အတွက်ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တွေက ကူညီပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်ကလေကြောင်း၊လက်နက်ကြီး နဲ့ ဆက်တိုက် ပစ်ခတ်နေလို့ ဒေါငံခါးရွာ အနီးက ကာကင်းတချို့ကနေ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ဆုတ်ခွာထားရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ဒုတိပတ်အတွင်း ဒေါငံခါးရွာအနီးတိုက်ပွဲ
မှာ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုဘက်က
ရဲဘော် ၆ ဦး ကျဆုံးခဲ့ပါတယ်။
ဒေါငံခါးရွာက လွိုင်ကော်–ဒီးမော့ဆိုလမ်းဆုံနှင့် မိုးဗြဲ–နန်းမယ်ခုံ–ဒီးမော့ဆို လမ်းပိုင်းပေါ်မှာရှိပြီး စစ်တပ်စခန်းတွေကို ဆက်သွယ်ဖို့ အရေးကြီးတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့နယ် အနောက်ခြမ်းကို စစ်တပ်နဲ့ PNO
ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာလို့ ဒေသခံ
တွေအနေနဲ့ အသွားအလာသတိထားဖို့ မိုးဗြဲ PDF က
သတိပေးထားပါတယ်။
ရုပ်သံ-KNDF Battalion-07
#whatishappeninginmyanmar
#mnonews #pdf
MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။
အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။
Website- www.mnonews.com
Facebook- / 1amgqiqdtk
Youtube- / @mno-news