Перейти к содержимому

ဌာနချုပ်ဟောင်း မာနယ်ပလောကို KNU ပြန်သိမ်း

The Irrawaddy News

0:00 / 0:00

ဌာနချုပ်ဟောင်း မာနယ်ပလောကို KNU ပြန်သိမ်း

74 680 просмотров · 1 год назад
The Irrawaddy News
1,62 млн подписчиков
74 680 просмотров · 1 год назад
ဌာနချုပ်ဟောင်း မာနယ်ပလောကို KNU ပြန်သိမ်း (ရုပ်/သံ) ဧရာဝတီ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၄ ကရင်အမျိုးသားအစည်းအရုံး (KNU) အတွက် အစဉ်အလာကြီးမားတဲ့ ဌာနချုပ်ဟောင်း “မာနယ်ပလော” ကို နှစ်ပေါင်း ၃၀ အကြာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။ KNU ရဲ့ ဌာနချုပ်ဟောင်းနေရာမှာ အခြေစိုက်ထားတဲ့ ပွိုင့် ၉၁၃ စခန်းကုန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်လိုက်တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူး၊ တပ်ကြပ်ကြီး အဆင့်အပါအဝင် စုစုပေါင်း ၆ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို ၁၂၀ မမ လက်နက်ကြီးနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မာနယ်ပလောကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်မှာ စစ်တပ်နဲ့ KNU က ခွဲထွက်သွားတဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တို့က ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ မာနယ်ပလောဟာ KNU အတွက်သာမက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ အစဉ်အလာရှိခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မတိုင်ခင် ဒီဒေသမှာ KNU နဲ့အတူ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (DAB)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တို့ ပူးပေါင်း လှုပ်ရှားမှုတွေ ရှိခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ #မြန်မာ #ဧရာဝတီ #မာနယ်ပလော #KNU #KNLA #KNDO