khit Thit Morning News | 25 September 2026
Khit Thit Media
0:00 / 0:00
khit Thit Morning News | 25 September 2026
78 870 просмотров · 2 часа назад
Khit Thit Media
3,29 млн подписчиков
78 870 просмотров · 2 часа назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က ပွင့်လင်းရာသီမှာ လေကြောင်းတိုက်ခိုက်မှုတွေ ၂ ဆ တိုးမြှင့်ဖို့ တပ်ချုပ်အသစ် ရဲဝင်းဦးနဲ့စစ်တပ်ကို အမိန့်ပေးညွှန်ကြားမှုတွေရှိနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦး၊ ကနီနဲ့ ယင်းမာပင်မြို့နယ်တွေဘက်မှာ စစ်ကြောင်းထိုးပြီး မီးရှို့မှုတွေ ပြုလုပ်ခဲ့တဲ့ စစ်တပ်က လက်ရှိမှာ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး ၇ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ICJ မှာ တရား စွဲဆိုထားတဲ့အမှုအတွက် မကြာမီ ထွက်ပေါ်လာမယ့် စီရင်ချက်ရလဒ်အားလုံးကို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ Legal Action Worldwide (LAW) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့က တိုက်တွန်းထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကျူးဘားနိုင်ငံမှာ အစိုးရအပြောင်းအလဲ ဖြစ်လာရေးနဲ့ ပတ်သက်ပြီး ဟာဗားနားအစိုးရနဲ့ ဆွေးနွေးဖို့ အမေရိကန်ဘက်က အသင့်ရှိနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။