ဈေးသွားရမှာ ကြောက်နေကြပြီ ( ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
ဈေးသွားရမှာ ကြောက်နေကြပြီ ( ရုပ်/သံ)
109 175 просмотров · 2 г. назад
The Irrawaddy News
1,63 млн подписчиков
109 175 просмотров · 2 г. назад
ဘုန်းအောင် ၊ ဇွန် ၁၉ ၊ ၂၀၂၄
ရန်ကုန်မြို့က စျေးတွေမှာ ဂေါ်ဖီထုပ် တထုပ်ကို ငွေ ၈ ထောင်ပေးဝယ်နေရပြီလို့ ပြည်သူတွေရဲ့ ညည်းတွားသံ တွေဟာ လူမှုကွန်ရက်တွေပေါ်မှာ အခုရက်ထဲ ပျံနှံလာခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ အခြေခံ လူတန်းစားတွေရဲ့ ဝင်ငွေနဲ့ ထွက်ငွေဟာ မမျှတတော့ပဲ ထမင်းနပ် မမှန်တော့တဲ့ အခြေအနေကို ရောက်ရှိလာနေပါတယ်။
မြန်မာနိုင်ငံက ဝင်ငွေနည်း အခြေခံအလုပ်သမားတွေရဲ့ ပျမ်းမျှ တလဝင်ငွေဟာ ကျပ် ၂ သိန်း ဝန်းကျင်မှာ ရှိပြီး တရက်ကို ၆၀၀၀ ကျပ် သာရရှိတာဖြစ်ပါတယ်။ ဒါပေမယ့် မိသားစု ၃ ယောက်ရှိတဲ့အိမ်မှာ တရက်တာ ထမင်းဝိုင်း ကုန်ကျစရိတ်ဟာ ကျပ်ငွေ ၁ သောင်း ဝန်းကျင်မှာ ရှိနေတာပါ။
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူ ခုနစ်သန်းတိုး လာတယ်လို့ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းဖြစ်ပြီး ဒီအခြေအနေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရမတိုင်ခင်ကာလ ၂၀၁၅ ခုနှစ် ကာလကို ပြန်လည်ရောက်ရှိ သွားခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR