အီရန်စစ်ပွဲမှာ အမေရိကန်စစ်လေယာဉ် ဒါဇင်နဲ့ချီပြီးပျက်စီး | People's Spring
People's Spring
0:00 / 0:00
အီရန်စစ်ပွဲမှာ အမေရိကန်စစ်လေယာဉ် ဒါဇင်နဲ့ချီပြီးပျက်စီး | People's Spring
14 262 просмотра · 1 дн. назад
People's Spring
704 тыс. подписчиков
14 262 просмотра · 1 дн. назад
အီရန်စစ်ပွဲအတွင်း အမေရိကန် လေယာဉ်ပေါင်း ၈၁ စီး ထိခိုက်ပျက်စီး
အောက်တိုဘာလ- ၉ ၊၂၀၂၆ ။People’s Spring
အမေရိကန်ဟာ အီရန်စစ်ပွဲအတွင်း လေယာဉ် အမျိုးမျိုး စုစုပေါင်း ၈၁ စီးထိ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။
အခုသီတင်းပတ်မှာ ထွက်ပေါ်လာတဲ့ သုတေသန စာတမ်းမှာ အဲဒီ အချက်အလက်သစ် ပါဝင်လာတာပါ။ လေယာဉ် အမျိုးမျိုးလို့ ဆိုရာမှာ တောင်ပံတပ် လေယာဉ်တွေသာ မကဘဲ ရဟတ်ယာဉ်တွေ၊ MQ-9 Reaperလိုမျိုး ဝေဟင်ဒရုန်းတွေကိုပါ ထည့်သွင်း တွက်ချက်ထားတာ ဖြစ်ပါတယ်။
လေယာဉ် ၈၁ စီးဟာ တစ်စိတ်တစ်ပိုင်း ထိခိုက်တာဖြစ်စေ၊ လုံးဝဥဿုံ ပျက်စီးသွားတာမျိုးဖြစ်စေ ကြုံတွေ့ခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးဟာ ဒေါ်လာ ၁.၉ ဘီလီယံကနေ ၃.၃ ဘီလီယံထိ များပြားနိုင်တယ်လို့ ဆိုပါတယ်။
ထောက်လှမ်းရေး၊ ကင်းထောက်မှုနဲ့ အနီးကပ် ပစ်ကူပေးမှုတွေအတွက် အသုံးပြုလေ့ရှိတဲ့ MQ-9တွေအပြင် အမေရိကန်ရဲ့ အထူးဂုဏ်ယူရတဲ့ F-35A တိုက်လေယာဉ် တစ်စီးဟာလည်း ထိခိုက်ပျက်စီးမှု စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ နောက်ပြီး ကောင်းကင်ယံက ရေဒါစခန်းလို့ တင်စားနိုင်တဲ့ E-3 Sentry တစ်စီးလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ အဲဒီပျက်စီးမှုတွေကို ဘယ်လို အစီအမံတွေနဲ့ အစားထိုးမယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ ပူးပေါင်းပြီး စတင်ဆင်နွှဲခဲ့တဲ့ အီရန်စစ်ပွဲ တစ်ခုလုံးရဲ့ ကုန်ကျစရိတ် အားလုံးပေါင်းကတော့ ဒေါ်လာ ၄၅ ဘီလီယံလောက်ထိ ရှိနိုင်တယ်လို့လည်း သိရပါတယ်။
ခန့်မှန်းခြေ ဒေါ်လာ ၄၅ ဘီလီယံ ဆုံးရှုံးကြောင်း တွက်ချက်မှုထဲမှာတော့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် စစ်စခန်းတွေရဲ့ အခြေခံ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတွေကို ထည့်တွက်မထားသေးပါဘူး။ အဲဒီ စခန်းတွေမှာလည်း အမေရိကန်က လေယာဉ်တချို့ ပျက်စီးဆုံးရှုံးတာ ကြုံခဲ့ရပါတယ်။
ထိခိုက်ပျက်စီးမှု စာရင်းမှာ ပါဝင်တဲ့ လေယာဉ်တွေထဲက တချို့ကတော့ ပြုပြင်မှုတွေအပြီး ပုံမှန်ပြန်လည် အမှုထမ်းနေပြီလို့လည်း သိရပါတယ်။ အဲဒီထဲမှာ F-15 Strike Eagle ဘက်စုံသုံး တိုက်လေယာဉ် ၈ စီးလည်း ပါဝင်ပါတယ်။ အဲဒီလေယာဉ်တွေဟာ စက်တင်ဘာလတုန်းက ဂျော်ဒန်မှာရှိတဲ့ မူဝါဖက် ဆယ်လ်တီ လေတပ်စခန်းမှာ အနည်းအကျဉ်း ထိခိုက်မှုတွေ ကြုံခဲ့တာ ဖြစ်ပါတယ်။
အခု အစီရင်ခံစာဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၊ ဌာနရဲ့ စုံစမ်းရေး အရာရှိချုပ်ရုံး၊ အီရန်စစ်ပွဲကို ကြီးကြပ်နေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ်တို့ဆီက ထုတ်ပြန်ချက်တွေကို အခြေခံပြီး ရေးသား ပြုစုထားတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အီရန်စစ်ပွဲမှာ အမေရိကန်ရဲ့ ထိခိုက်ဆုံးရှုံးမှုဆိုင်ရာ ကိန်းဂဏန်း အမှန်တွေကို လွှတ်တော်အမတ်တွေ လက်ခံ ရရှိရဲ့လားဆိုတဲ့ သံသယ မေးခွန်းတွေလည်း ရှိနေပါတယ်။
အမေရိကန် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကန်းနက်သ် ဝဲလ်စ်ဘတ်ချ်က MQ-9တွေဟာ အီရန်စစ်ပွဲမှာ အရေးအပါဆုံး ပလေယာတွေ ဖြစ်ခဲ့တယ်လို့ ပြောဖူးပါတယ်။ တစ်ဖက်မှာတော့ အမေရိကန် လေတပ်ဟာ ၂၀၀၄ ခုနှစ်ကစလို့ လက်နက်တိုက်ထဲက MQ-9 စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
=====
ပြည်တွင်းဖြစ်ဟိုက်ပါဆောနစ်ဒုံးကျည်ကို တောင်ကိုရီးယားစမ်းသပ်
အောက်တိုဘာလ- ၉ ၊၂၀၂၆ ။People’s Spring
ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ ပထမဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို တောင်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။
ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ငါးဆ ပိုမြန်တဲ့နှုန်းကို ဆိုလိုတာပါ။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ အင်မတန် မြန်ရုံသာ မကဘဲ ရန်သူ့လေကြောင်းကာကွယ်ရေး လက်နက်တွေကို ရှောင်ကွင်းနိုင်အောင်ပါ ဒီဇိုင်းထုတ်ထားလေ့ ရှိပါတယ်။
တောင်ကိုရီးယားဟာ စစ်ပွဲရဲ့ အနိုင်အဆုံးကို အဆုံးအဖြတ် ပေးနိုင်လောက်အောင် ထိရောက် အရေးပါတဲ့ မဟာဗျူဟာ စစ်လက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေကြောင်း ကြွေးကြော်ထားပြီး ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ကိုယ်တိုင် ထုတ်လုပ်နိုင်ခြင်းဟာ အဲဒီရည်မှန်းချက်နဲ့ ပိုမို နီးစပ်လာစေမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၈ ရက်နေ့တုန်း ဒုံးကျည်လက်တွေ့ စမ်းသပ် ပစ်ခတ်မှု အစီအစဉ်ကို တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကိုယ်တိုင် တက်ရောက် စောင့်ကြည့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကိုယ်ပိုင် ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ပြိုင်ဘက် မြောက်ကိုရီးယားကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ကတော့ ဂျပန်ပင်လယ်ထဲကို ကျရောက်သွားခဲ့ပါတယ်။
တောင်ကိုရီးယား စစ်တပ်ဟာ တောင်ပိုင်း ချောင်ချွန်းပြည်နယ်ထဲက တာအန်မြို့မှာရှိတဲ့ ဒုံးကျည်စမ်းသပ် စခန်းကနေ ဟိုက်ပါဆောနစ် ဒုံးကျည် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည် အမျိုးအစားနဲ့ သတ်မှတ်ထားတဲ့ ကုတ်ဒ်နာမည်တွေကိုတော့ တောင်ကိုရီးယားက တရားဝင် မထုတ်ပြန်သေးပါဘူး။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အီရန်စစ်ပွဲ #အမေရိကန်စစ်လေယာဉ် #စစ်ရေးထိခိုက်ပျက်စီးမှု #နီးစပ်အရှေ့ပိုင်းပဋိပက္ခ #နိုင်ငံတကာသတင်း #IranConflict #USAirCraft #MilitaryCasualties #MiddleEastCrisis #WorldNews #တောင်ကိုရီးယား #ဟိုက်ပါဆောနစ်ဒုံးကျည် #ဒုံးကျည်စမ်းသပ်မှု #စစ်ရေးနည်းပညာ #နိုင်ငံတကာသတင်း #SouthKorea #HypersonicMissile #MissileTest #DefenseTechnology #WorldNews