ICC အရာရှိတွေကို လွှဲပြောင်းပေးဖို့ ရုရှားရဲ့ တောင်းဆိုမှုကို ဂျပန်ကန့်ကွက် | People's Spring
People's Spring
0:00 / 0:00
ICC အရာရှိတွေကို လွှဲပြောင်းပေးဖို့ ရုရှားရဲ့ တောင်းဆိုမှုကို ဂျပန်ကန့်ကွက် | People's Spring
1 073 просмотра · 2 ч назад
People's Spring
704 тыс. подписчиков
1 073 просмотра · 2 ч назад
ICC အရာရှိတွေကို လွှဲပြောင်းပေးဖို့ ရုရှားရဲ့ တောင်းဆိုမှုကို ဂျပန်ကန့်ကွက်
အောက်တိုဘာလ - ၁၀ ၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျပန်တရားသူကြီး တိုမိုကို အက်ကာနီနဲ့ နောက်ထပ် ICC အရာရှိ ၈ ဦးကို လွှဲပြောင်းပေးဖို့ ရုရှားအစိုးရရဲ့ တောင်းဆိုမှုအပေါ် ဂျပန်အစိုးရက အပြင်းအထန် ဝေဖန် ကန့်ကွက်လိုက်ပါတယ်။
အမေရိကန်က ICC အဖွဲ့အစည်း တစ်ခုလုံးအပေါ် ပိတ်ဆို့ အရေးယူမယ့်အကြောင်း ထုတ်ပြန် ကြေညာချိန်မှာပဲ ရုရှားကပါ ICCကို တခြားနည်းလမ်းတစ်ခုနဲ့ ထိုးနှက်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်တုန်းက ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ICCက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဖမ်းဝရမ်း ထုတ်ထားခဲ့ပါတယ်။ အဲဒီကိစ္စကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှားကလည်း ICC ထိပ်ပိုင်းအရာရှိ ၉ ဦးကို တန်ပြန် ဝရမ်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က မော်စကိုမှာရှိတဲ့ တရားရုံး တစ်ခုက အဲဒီပုဂ္ဂိုလ်တွေကို မျက်ကွယ် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
အခုတော့ ICC အခြေစိုက်ရာ နယ်သာလန် နိုင်ငံကို ရုရှားက ဆက်သွယ်ပြီး အက်ကာနီနဲ့ တခြား ၈ ဦးတို့ကို လွှဲပြောင်းပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဂျပန် အစိုးရ အဖွဲ့ ဒုတိယ အတွင်းဝန်ချုပ် မာဆာနာအို အိုဇာကီ ရုရှားရဲ့ အဲဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ ဂျပန်က သံတမန်ရေး လမ်းကြောင်းတွေကနေ ကန့်ကွက်ထားကြောင်း အောက်တိုဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ICCနဲ့ ဆက်နွှယ်တဲ့ ပုဂ္ဂိလ်တွေအပေါ် ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေက မျှတမှု မရှိသလို လက်ခံနိုင်စရာလည်း မရှိကြောင်း၊ ရုရှားက အခုလိုမျိုး ICC အရာရှိတွေကို လွှဲပြောင်းပေးဖို့ တောင်းဆိုခြင်းဟာ စိတ်ပျက်စရာ လုပ်ရပ်ဖြစ်ကြောင်း သူက ပြောပါတယ်။
ရုရှား ရှေ့နေချုပ်ရုံးက အက်ကာနီ အပါအဝင် ICC အရာရှိ ၉ ဦးကို လွှဲပြောင်းပေးဖို့ နယ်သာလန်နဲ့ တခြားနိုင်ငံ တချို့ဆီ ဆက်သွယ် တောင်းဆိုထားကြောင်း အောက်တိုဘာ ၈ ရက်နေ့တုန်းက ပြောဆိုခဲ့တဲ့နောက် ဂျပန်ဖက်က အခုလို တုံ့ပြန်လာခဲ့တာပါ။
ရုရှားအစိုးရက ICCဟာ ခိုင်မာတိကျတဲ့ အထောက်အထားတွေ မရှိဘဲ ရုရှားနိုင်ငံသားတွေကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး နိုင်ငံတကာ ဥပဒေတွေရဲ့ အခြေခံမူတွေ၊ စံနှုန်းတွေကို ချိုးဖောက်နေကြောင်း စွပ်စွဲထားပါတယ်။
ဂျပန်နဲ့ ရုရှားတို့ကြားမှာ အစဉ်အလာအရ ပြိုင်ဘက်ဆန်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပြီး ဩဂုတ်လတုန်းက နှစ်နိုင်ငံကြား ပိုင်နက် အငြင်းပွားနေရာ ကျွန်းတစ်ခုဆီ ပူတင်က သွားရောက် လည်ပတ်ခဲ့တဲ့နောက်ပိုင်း နှစ်နိုင်ငံာကား အခြေအနေတွေက ပိုတင်းမာလာခဲ့ပါတယ်။
ICC အတွက်တော့ လက်ရှိကာလမှာ အခက်အခဲတွေနဲ့ ရင်ဆိုင် ဖြတ်သန်းနေရပြီး အောက်တိုဘာ ၉ ရက်နေ့မှာ အမေရိကန် အစိုးရကလည်း ICC အဖွဲ့အစည်း တစ်ခုလုံးကို ပိတ်ဆို့အရေးယူမယ့်အကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဂျပန်နှင့်ရုရှား #ICCအရာရှိများ #နိုင်ငံတကာဒီပလိုမေစီ #နိုင်ငံတကာသတင်း #Japan #Russia #ICCOfficials #DiplomaticTensions #WorldNews