Перейти к содержимому

အမေရိကန် Midterm Elections မြန်မာပြည်ဖွားတွေ ဘယ်ပါတီကို မဲပေးကြမလဲ | The Irrawaddy

The Irrawaddy News

0:00 / 0:00

အမေရိကန် Midterm Elections မြန်မာပြည်ဖွားတွေ ဘယ်ပါတီကို မဲပေးကြမလဲ | The Irrawaddy

22 173 просмотра · 5 ч назад
The Irrawaddy News
1,64 млн подписчиков
22 173 просмотра · 5 ч назад
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ၂၀၂၆ ခုနှစ် Midterm Elections (သက်တမ်းဝက် ရွေးကောက်ပွဲ) ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း အမေရိကန်နိုင်ငံရေး အခင်းအကျင်းအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲတခု ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာစလုံး၊ အထက်လွှတ်တော် အမတ်နေရာ ၃၅ နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာ ၃၆ နေရာတို့အတွက် မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလီကန်ပါတီနဲ့ အာဏာချိန်ခွင်လျှာကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတဲ့ ဒီမိုကရက်တစ်ပါတီတို့အကြား အကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ရွေးကောက်ပွဲရလဒ်ဟာ သမ္မတထရမ့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းနှစ်နှစ်အတွင်း ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမူဝါဒတွေအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ တဖက်မှာလည်း စီးပွားရေးအခြေအနေ၊ လူနေမှုစရိတ်နဲ့ ငွေကြေးဖောင်းပွမှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ မဲဆန္ဒရှင်တွေအတွက် အဓိကစဉ်းစားရမယ့် အကြောင်းအရာတွေ ဖြစ်လာနေပါတယ်။ ဒီအခြေအနေမှာ အမေရိကန်နိုင်ငံသားဖြစ်လာကြတဲ့ မြန်မာပြည်ဖွား မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှုကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အခန်းကဏ္ဍတခု ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်မဲပေးမှုနဲ့ ရွေးကောက်ပွဲနေ့ မဲပေးမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်ဖွား မဲဆန္ဒရှင်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ #မြန်မာ #ဧရာဝတီ #အမေရိကန် #သက်တမ်းဝက်ရွေးကောက်ပွဲ #MidtermElections #WhatsHappensInMyanmar _________ မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက အရေးကြီးသတင်းတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ဧရာဝတီ (The Irrawaddy) ရဲ့ YouTube Channel မှာ အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေပါတယ်။ Subscribe လုပ်ပြီး နေ့စဥ်စောင့်ကြည့်နိုင်ပါတယ်။ _________ ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ    / @irrawaddynews1993   Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ _________ Subscribe ▶🔔 @theirrawaddy_news Follow us on: Website English Edition ▶ 🌐 https://www.irrawaddy.com Website Burmese Edition ▶ 🌐 https://burma.irrawaddy.com Facebook Burmese Edition ▶   / theirrawaddyburmese   Facebook English Edition ▶   / theirrawaddy   Twitter ▶   / irrawaddynews   Instagram English Edition ▶   / theirrawaddy   Instagram Burmese Edition ▶   / irrawaddyburmese   Telegram ▶ https://t.me/theirrawaddy Tiktok ▶   / the.irrawaddy1   _________ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation