Перейти к содержимому

တရုတ်ပုံဖော်တာ ခံနေရတဲ့ မြန်မာ့နိုင်ငံရေး | The Irrawaddy

The Irrawaddy News

0:00 / 0:00

တရုတ်ပုံဖော်တာ ခံနေရတဲ့ မြန်မာ့နိုင်ငံရေး | The Irrawaddy

16 746 просмотров · 5 ч назад
The Irrawaddy News
1,64 млн подписчиков
16 746 просмотров · 5 ч назад
မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုဟာ အာဏာသိမ်းစစ်တပ်ရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်ပါ သိသာထင်ရှားလာနေပြီး၊ လက်ရှိအပြောင်းအလဲတွေကိုပါ ပုံဖော်လာနေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ အာဏာသိမ်း စစ်တပ်ကို သမိုင်းဝင်အောင်ရှုံးနိမ့်စေခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်က ဖိအားပေးရပ်တန့်စေခဲ့တာနဲ့ စစ်တပ်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲအစီအစဉ်ကို ပံ့ပိုးပေးခဲ့တာတွေက ထင်ရှားတဲ့ သာဓကတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားမှာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းရဲ့ တိုင်းရင်းသားတွေအနေနဲ့ "အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံ" ရှာဖွေဖို့ တိုက်တွန်းပြောကြားချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်နေတယ် ဆိုပြီး စစ်တပ်ထောက်ခံသူတွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အိမ်နီးချင်းလည်းဖြစ်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်ရဲ့ ဘက်စုံဩဇာလွှမ်းမိုးမှုဟာ စိုးရိမ်စရာထက် ပိုပြီး သတိထားကိုင်တွယ်ရမယ့် အခြေအနေတခုဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ #မြန်မာ #ဧရာဝတီ #တရုတ် #NCA #China #WhatsHappensInMyanmar _________ မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက အရေးကြီးသတင်းတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ဧရာဝတီ (The Irrawaddy) ရဲ့ YouTube Channel မှာ အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေပါတယ်။ Subscribe လုပ်ပြီး နေ့စဥ်စောင့်ကြည့်နိုင်ပါတယ်။ _________ ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ    / @irrawaddynews1993   Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ _________ Subscribe ▶🔔 @theirrawaddy_news Follow us on: Website English Edition ▶ 🌐 https://www.irrawaddy.com Website Burmese Edition ▶ 🌐 https://burma.irrawaddy.com Facebook Burmese Edition ▶   / theirrawaddyburmese   Facebook English Edition ▶   / theirrawaddy   Twitter ▶   / irrawaddynews   Instagram English Edition ▶   / theirrawaddy   Instagram Burmese Edition ▶   / irrawaddyburmese   Telegram ▶ https://t.me/theirrawaddy Tiktok ▶   / the.irrawaddy1   _________ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation