အယောဃရဇာတ်တရားဒေသနာတော် -မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး
Dhamma Thitsar
0:00 / 0:00
အယောဃရဇာတ်တရားဒေသနာတော် -မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး
4 975 просмотров · 1 год назад
Dhamma Thitsar
78,5 тыс. подписчиков
4 975 просмотров · 1 год назад
အယောဃရဇာတ်တရားဒေသနာတော် -မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယမေကရတ္တိံ ပဌမံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အယောဇရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်သော တောထွက်ခြင်းကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ၌လည်း သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့- ယခုအခါ၌သာလျှင် ငါဘုရားသည် မြတ်သော ထွက်တော်မူခြင်းကို တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း မြတ်သောထွက်ခြင်းကို တောထွက်တော် မူဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
တရားများနာကြားပြီး အသိထူး၊အသိဉာဏ်များတိုးတက်နိုင်ပါစေ။ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးမတရားများဝေမျှကုသိုလ်ပွားများနိုင်ကြပါစေ
တရားချစ်ခင် တရားတော်များကို နာယူကြသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား တရား ဓမ္မများကို နေ့စဉ် နေ့တိုင်း အမြဲမပျက် တင်ဆက်ပေးလျှက်ရှိပါသည်။ အသစ်တင်သော တရားတော်များအား သိရှိနိုင်ရန် Subscribe လုပ်ထားပေးရန် တောင်းဆိုအပ်ပါသည်။
သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ
#တရားတော်များ #မြန်မာတရား #tayardaw