Khit Thit Afternoon News | 16 August 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 16 August 2026
333 773 просмотра · 4 нед. назад
Khit Thit Media
3,28 млн подписчиков
333 773 просмотра · 4 нед. назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျပ်အတည်းဖြစ်နေတဲ့ မြန်မာနိုင်ငံစီးပွားရေး တိုးတက်ရေး အကူအညီပေးဖို့ ရုရှားသမ္မတပူတင်ကို အကူအညီတောင်းမှာဖြစ်ပြီး ရုရှားခရီးစဉ်ကို ပြည်တွင်းက ခရိုနီစီးပွားရေးသမားတွေအားလုံး လိုက်ပါမှာဖြစ်တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ တာကြောင့် စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပြီး တိုက်ပွဲအတွင်းက စစ်သုံ့ပန်း၊ အလင်းဝင်သူတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် NLD ပါတီ ဘဏ္ဍာရေးမှူး ဦးယဉ်ထွေးဟာ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သူ့ရဲ့ မိတ်ဆွေတွေဆီက စုံစမ်းသိရှိရပါတယ်။
အမေရိကန်သမ္မတ Donald Trump က Hormuz ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် မကြာခင် ကြေညာမယ်လို့ ပြောလိုက်တာကို အီရန်က ချက်ချင်း ပြန်တုံ့ပြန်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။