ICJ အမှု အရေးအကြီးဆုံးအဆင့် ရောက်ပြီ - BBC News မြန်မာ
BBC News မြန်မာ
0:00 / 0:00
ICJ အမှု အရေးအကြီးဆုံးအဆင့် ရောက်ပြီ - BBC News မြန်မာ
644 243 просмотра · 9 мес. назад
BBC News မြန်မာ
2,78 млн подписчиков
644 243 просмотра · 9 мес. назад
ဇန်နဝါရီ ၁၂ ရက်နေ့ ဆိုရင်၊ ကုလသမဂ္ဂ အဖွဲ့ရဲ့ အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့ ဖြစ်တဲ့ သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာကို ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် ကျူးလွန်တယ် ဆိုပြီး စွပ်စွဲ ထားတဲ့ အမှုကိစ္စ အတွက် လူသိရှင်ကြား ကြားနာပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
သီတင်းနှစ်ပတ်ကျော်ကြာ ပြုလုပ်ဖို့ စီစဥ်ထားတဲ့ အဲဒီ ကြားနာပွဲတွေမှာ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ ဥပဒေကြောင်း ဆိုင်ရာ နှုတ်နဲ့ လျှောက်ထား ချေပ တာတွေ တလှည့်စီ ပြုလုပ်ကြမှာ ဖြစ်သလို၊ သက်သေတွေ၊ နှစ်ဘက်တင်သွင်းတဲ့ ကျွမ်းကျင်သူ ပညာရှင်တွေကို မေးမြန်းတာတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။
ဒီ ကြားနာပွဲဟာ အမှု ကိစ္စကြီး တစ်ခုလုံးရဲ့ အဆုံးသတ် အဆင့်ကို ရောက်လာတာလား၊ ဘယ် အချက်အလက် အချင်းအရာတွေ အပေါ် အဓိက အာရုံစိုက်ကြမှာလဲ ... ကြားနာပွဲ အဆုံးသတ် ဘာတွေ ဆက်ပြီး ဖြစ်လာနိုင်လဲ ဆိုတာတွေကို ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ကို ဦးဆောင်တဲ့ အာဆလန် ဆူလေမန်နဲ့ မေးမြန်းထားပါတယ်။ မစ္စတာ ဆူလေမန်ဟာ အမေရိကန် ရှေ့နေ အဖွဲ့ ဖိုလီ ဟော့ဂ် LLP မှာ နိုင်ငံတကာ အမှုကိစ္စတွေကို တာဝန်ယူ ကိုင်တွယ်တဲ့ အကြီးတန်း ရှေ့နေ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို ဇန်နဝါရီ ၁၀ ရက်၊ စနေည၊ မြန်မာစံတော်ချိန် ည ၈ နာရီ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း