Перейти к содержимому

ဗီယက်နမ်က မြန်မာစစ်အုပ်စုနဲ့ ကြံရာပါဖြစ်နေတယ်လို့ JFM ပြော (ရုပ်/သံ)

The Irrawaddy News

0:00 / 0:00

ဗီယက်နမ်က မြန်မာစစ်အုပ်စုနဲ့ ကြံရာပါဖြစ်နေတယ်လို့ JFM ပြော (ရုပ်/သံ)

33 223 просмотра · 20 часов назад
The Irrawaddy News
1,61 млн подписчиков
33 223 просмотра · 20 часов назад
ဗီယက်နမ်နိုင်ငံဟာ မြန်မာစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ စီးပွားရေး၊ နည်းပညာနဲ့ စစ်ရေးကဏ္ဍတွေကနေ အထောက်အပံ့ပေးနေပြီး ကြံရာပါပတ်သက်နေတယ်လို့ Justice For Myanmar (JFM) က ထောက်ပြပါတယ်။ JFM ရဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ ဗီယက်နမ်ဘက်က မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်ရေးသုံး ပစ္စည်းကိရိယာတွေနဲ့ လေယာဉ်ဆီ ရရှိနိုင်ရေးအတွက် အထောက်အပံ့တွေ ပေးနေတယ်လို့ ဆိုပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာစစ်အုပ်စုကို ဖယ်ကြဉ်နေချိန်မှာ ဗီယက်နမ်နိုင်ငံအနေနဲ့ လက်ခံကြိုဆိုတာ၊ စီးပွားလုပ်ငန်းတွေဆက်လုပ်နေတာ၊ ငွေကြေးစီးဆင်းမှုကိုကူညီပေးနေတာက စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးကူညီနေတာလို့ JFM ကဆိုထားပါတယ်။ ဒါကြောင့် ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်း ရပ်တန့်ရမှာဖြစ်ပြီး ကြံရာပါ အဖြစ်ပါဝင် ပတ်သက်နေမှုကိုလည်း အဆုံးသတ်ရမယ်လို့ JFM က သတိပေးထားပါတယ်။ #မြန်မာ #ဧရာဝတီ #ဗီယက်နမ် #JFM #WhatsHappensInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ    / @irrawaddynews1993   Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation