Khit Thit Afternoon News | 11 August 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 11 August 2026
256 793 просмотра · 4 недели назад
Khit Thit Media
3,28 млн подписчиков
256 793 просмотра · 4 недели назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်နဲ့ စီးပွားရေးမိတ်ဖက် နိုင်ဖြိုးကျော်တို့ ဦးစီးလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံထုတ် Leapmotor လျှပ်စစ်ကား (EV) တင်သွင်းရေးနဲ့ ပြည်တွင်း SKD တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်း တွေအတွက် အကောက်ခွန်လျှော့ပေါ့ခွင့်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်တွေ ရရှိထားတယ်လို့ UMFCCI သတင်းရင်းမြစ်နဲ့ EV ကားတင်သွင်းသူတွေဆီက သိရပါတယ်။
မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဟာ ဟန်ပြငြိမ်းချမ်းရေးသာဖြစ်ပြီး PSLF/TNLA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (TCSN) ရဲ့ ပထမအကြိမ် ညီလာခံက ထုတ်ပြန်သတိပေးလိုက်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နဲ့ မကွေးတိုင်း သရက်မြို့နယ်တို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနဲ့ အနီးကပ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီက အီရန်စစ်တပ်နဲ့ အစ္စလာမစ်တော်လှန်ရေး အစောင့်တပ် (IRGC) အတွင်း အရေးကြီးတဲ့ စစ်ဘက်ရာထူး ၆ ခုကို အသစ်ပြန်လည်ခန့်အပ် လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။