မနက်ဖြန် စက်တင်ဘာ ၂၉ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
0:00 / 0:00
မနက်ဖြန် စက်တင်ဘာ ၂၉ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
59 000 просмотров · 7 часов назад
CJ Platform
137 тыс. подписчиков
59 000 просмотров · 7 часов назад
မနက်ဖြန် စက်တင်ဘာ ၂၉ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
အနီရောင်အဆင့် မုန်တိုင်းကြောင့် ဘာတွေ ဖြစ်လာနိုင်လဲ
CJ Platform
မနက်ဖြန် စက်တင်ဘာ ၂၉ ရက် အင်္ဂါနေ့ အတွက် မိုးလေဝသခန့်မှန်းချက်ကို တင်ဆက်ပေးပါမယ်။မနက်ဖြန်အတွက် အထူးသတိပြုရမယ့် မိုးလေဝသအခြေအနေကတော့ ထိုင်းနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ INVEST-92W လေဖိအားနည်းစနစ်ဟာ အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။
မိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီမုန်တိုင်းငယ်ဟာ မုတ္တမကွေ့ကို ဖြတ်သန်းပြီး မွန်ပြည်က ကျိုက်ထိုနဲ့ ရန်ကုန်တိုင်းက သုံးခွမြို့ကြားကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်ပါတယ်။ လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်ခန့်ရှိနိုင်တာကြောင့် အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။
ဒါကြောင့် မွန်ပြည်၊ ကရင်ပြည်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအပါအဝင် မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်မှာ လေပြင်းတိုက်ခတ်တာနဲ့ မိုးအလွန်သည်းထန်စွာ ရွာသွန်းတာ တွေ ဖြစ်ပေါ်နိုင်ပြီး ရေကြီးရေလျှံမှု၊ တောင်ကျရေနဲ့ မြေပြိုမှုတွေကို အထူးသတိပြုဖို့ လိုပါတယ်။
#CJPlatform #မိုးလေဝသ #INVEST92W #မုန်တိုင်းငယ် #မိုးကြီးရေကြီး_မြေပြိုအန္တရာယ်