ချင်းတွင်းမြစ် မိချောင်းစစ်ဆင်ရေးစစ်သင်္ဘော၁စီးနစ်မြုပ်၊၅စီးပျက်စီးမော်လိုက်ခရိုင်ရင်း(၃)ထုတ်ပြန်
People's Spring
0:00 / 0:00
ချင်းတွင်းမြစ် မိချောင်းစစ်ဆင်ရေးစစ်သင်္ဘော၁စီးနစ်မြုပ်၊၅စီးပျက်စီးမော်လိုက်ခရိုင်ရင်း(၃)ထုတ်ပြန်
36 997 просмотров · 9 часов назад
People's Spring
691 тыс. подписчиков
36 997 просмотров · 9 часов назад
ချင်းတွင်းမြစ်အတွင်းက မိချောင်းစစ်ဆင်ရေး စစ်သင်္ဘော ၁စီး နစ်မြုပ်၊ ၅စီး ပျက်စီးဟု မော်လိုက်ခရိုင်ရင်း(၃) ထုတ်ပြန်
စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People's Spring
ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မော်လိုက်ခရိုင်၊ အမှတ် (၃) တပ်ရင်း (ဖောင်းပြင်မြို့နယ်အခြေစိုက်) ကွပ်ကဲမှုနဲ့ ဇူလိုင်လအတွင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်ရေယာဉ်တန်းကို ရေကြောင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ပါတယ်။
ချင်းတွင်းမြစ်အထက်ပိုင်း ပူးပေါင်းတပ်ဖွဲ့တွေက ရေကြောင်းစစ်ဆင်ရေးအနေနဲ့တိုက်ခိုက်ခဲ့မှုကြောင့် စစ်သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပြီး ၅စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက အသိပေးပါတယ်။
" စထွက်ပြီးတော့မှ မြစ်ကမ်းဘေးတလျှောက်မြို့တွေမှာ သူတို့အခြေချရာ၊ အခြေစိုက်ရာ တပ်ရင်းတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ရိက္ခာတွေ ဆေးဝါးတွေချတဲ့ ရေယာဥ်တွေ။ သွားတာကတော့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ခန္တီးအထိသွားတယ်။ ကျောက်တွေတင်လာတယ်။ အခုကတော့ စုန်ဆင်းသွားပြီ"လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က အရာရှိတွေ၊အခြားအဆင့်တွေနဲ့ အခြားဌာနဝန်ထမ်း၊ စစ်မှုထမ်းတပ်သားတွေ စုစုပေါင်း သေဆုံးထိခိုက်သူ ၂၃ ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။သေဆုံးနဲ့ထိခိုက်မှုအရေအတွက်ကို သီးခြားခွဲပြထားတာ မတွေ့ရပါဘူး။
ပစ်ခတ်ခံရပြီး နစ်မြုပ်ခဲ့တဲ့ ရေယာဉ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေနဲ့ ရေအောက်နစ်မြုပ်သွားတဲ့ စစ်သားတွေရဲ့ ဖြစ်စဥ်တွေကို ဆက်လက်ထုတ်ပြန်မယ်လို့ မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းက အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဥ်တွေဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မကြာခဏ သွားလာနေပြီး သွားလာတိုင်းလည်း မြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် ပြည်သူထိခိုက်သေဆုံးမှုတွေ၊ နေအိမ်တွေ ပျက်စီးတာတွေ ဖြစ်ပေါ်နေပါတယ်။
ရုပ်သံ-မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်း
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA