Перейти к содержимому

Khit Thit Morning News | 20 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 20 August 2026

341 313 просмотров · 2 недели назад
Khit Thit Media
3,27 млн подписчиков
341 313 просмотров · 2 недели назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေဖြစ်တဲ့ ကျော်နေဝင်း၊ ဇွဲနေဝင်းနဲ့ အေးနေဝင်းတို့ဟာ ရန်ကုန်မြို့ အတွင်း သွားလာတဲ့အခါ လိုင်စင်သက်တမ်းကုန်ဆုံးနေတဲ့ ဇိမ်ခံကားတွေအပြင် လိုင်စင်မဲ့ ကားတွေကို အသုံးပြုပြီး ကိုယ်ပိုင်လုံခြုံရေးအတွက် ယာဉ်တန်းတွေနဲ့ သွားလာနေကြတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ -မြန်မာနိုင်ငံမှာ BGF၊ KNA နဲ့ DKBA တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ကျားဖြန့်အွန်လိုင်း ငွေလိမ်စခန်းတွေမှာ နိုင်ငံခြားသား ၁၃,၆၇၀ ကျော် ပိတ်လှောင်ခံထားရပြီး အတင်းအကျပ် အလုပ်လုပ်ခိုင်းခံနေရတယ်လို့ Civil Society Network for Human Trafficking Victim Assistance က ထုတ်ပြန်ထားပါတယ်။ -ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်အမြန်နှုန်းထက် မကျော်ဘဲ မောင်းနှင်နေတဲ့ အိမ်စီးကားတွေကို အမြန်နှုန်းတိုင်းတာကင်မရာ မှတ်တမ်းတွေကို လုပ်ကြံဖန်တီးပြီး အမြန်နှုန်း ကျော်မောင်းတယ်ဆိုကာ ယာဉ်ထိန်းရဲတွေက ငွေညှစ်နေကြတယ်လို့ ငွေညှစ်ခံရတဲ့ ယာဉ်မောင်း တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -အီရန်တပ်ဖွဲ့တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဘက်က စစ်ပွဲကို ပိုမိုအရှိန်မြှင့်လာ မယ်ဆိုရင် ဥရောပမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ စဉ်းစားသုံးသပ်ခဲ့ကြတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။