Перейти к содержимому

SCEF နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ တွေ့ဆုံ| People's Spring

People's Spring

0:00 / 0:00

SCEF နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ တွေ့ဆုံ| People's Spring

8 195 просмотров · 18 ч назад
People's Spring
709 тыс. подписчиков
8 195 просмотров · 18 ч назад
SCEF နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ တွေ့ဆုံ နိုဝင်ဘာ-၆၊ ၂၀၂၆။ People's Spring ဖက်ဒရယ်ဒီမိုကရေစီ‌ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ နိုဝင်ဘာ ၅ရက် မနေ့က တွေ့ဆုံခဲ့ပြီး SCEFက ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။ အဲဒီ တောင်ကိုရီးယားလွှတ်တော်ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ် အီယုန်ဆွန်း၊ Rebuilding Korea Party အမတ် ဂင်ဂျွန်းဟျောင်း၊ လွှတ်တော်နိုင်ငံခြားရေးနဲ့ ငြိမ်းချမ်းရေးဖိုရမ်တို့က ကမကထပြု ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဆွေး‌နွေးပွဲ သဘာပတိအဖြစ် Dong-A တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ဝန်းဒုံအု က ဆောင်ရွက်ခဲ့ကြောင်း အသိပေးပါတယ်။ ဆွေးနွေးပွဲမှာ SCEF ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံရေး လတ်တလောအခြေအနေနဲ့ SCEF ဖွဲ့စည်းမှု၊ ရည်မှန်းချက်နဲ့ လက်တွေ့ဖြစ်ထွန်းမှု အခြေအနေတွေ ရှင်းပြခဲ့တဲ့အပြင် ကိုရီးယားအနေနဲ့ နိုင်ငံရေးအရ ထောက်ခံပေးရုံသာမက လက်တွေ့ကျတဲ့ အားပေးကူညီမှုများကိုလည်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒ့ါအပြင် ပြည်တွင်းနဲ့ နယ်စပ်ဒေသတလျှောက်မှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို SCEFနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး နယ်မြေထိန်းချုပ်ထားနိုင်တဲ့ SCEF အဖွဲ့ဝင်တွေကတဆင့် ကူညီပေးနိုင်ရေး ကြိုးစားပေးဖို့ ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။ ကိုရီးယား-အာဆီယံ ဆက်ဆံရေးကတဆင့်လည်း ဒီမိုကရေစီရေး တွန်းအားပေးမှုကို တိုးမြှင့်ပေးစေလိုကြောင်း အဓိကထား တင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့မှာ အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNPP အတွင်းရေးမှူး(၁)၊ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ နဲနယ်ပလို၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးနဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်၊ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ပါတယ်။ ကိုရီးယားလွှတ်တော်အမတ်တွေဘက်ကလည်း သိလိုတဲ့ မေးခွန်းတွေ မေးမြန်းခဲ့ရာ SCEF မှာ အချို့သော အဓိကအဖွဲ့အစည်းများ မပါဝင်သေးတာကို ဘယ်လိုကျော်လွှားမလဲ၊ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်အစိုးရရဲ့ အာဏာများကို ဘယ်လိုခွဲဝေသတ်မှတ်သွားမလဲဆိုတဲ့ အချက်တွေ ပါတယ်လို့ဆိုပါတယ်။ စစ်တပ်က စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရပုံစံအဖြစ် ပြောင်းလဲပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရှာဖွေနေတဲ့အပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း ကိုရီးယားလွှတ်တော်အမတ်တွေက မေးမြန်းခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။ ===== ငပြီကျွန်းပေါ် ကမ်းတက်ဖို့ စစ်တပ် ကြိုးစားပြန် နိုဝင်ဘာ-၆၊ ၂၀၂၆။ People's Spring စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကမ်းထပ်တက်ဖို့ သုံးကြိမ်မြောက် ထပ်ကြိုးစားတဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးမအောင်မြင်ဘဲ ​သေဆုံးထိခိုက်မှုများစွာနဲ့ နောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၃ ရက်ကတည်းက ငပြီကျွန်းပေါ်ကို ထပ်မံကမ်းတက်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ ဒါ​ပေမဲ့ ခြေကုပ်စခန်းချနိုင်တာမရှိဘဲ ကမ်းစပ်မှာပဲ အာရက္ခတပ်တော်(AA)ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် အထိနာနေတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က ညနေတိုင်း လှေတွေနဲ့ တက်လာဖို့ လုပ်တာ သုံးရက်ရှိပြီဖြစ်ပြီး ကျွန်းပေါ်ကိုတော့ မရောက်ဘူးလို့ AAနဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။ ကမ်းစပ်မှာတော့ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ ရှိတယ်လို့ ဆက်ပြောပါတယ်။ နိုဝင်ဘာ ၃ ရက်မှာ စစ်တပ်က စစ်သင်္ဘောသုံးစီးထက်မနည်းနဲ့ ကမ်းအနီး ကပ်လာပြီး ကမ်းတက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဆယ်ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်တပ်ဟာ နောက်ရက်တွေမှာ နေ့ခင်းဘက်တွေ ကမ်းတက်ဖို့ မကြိုးစားတော့ဘဲ ညဘက်တွေမှာပဲ တက်ဖို့ ကြိုးစားနေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ စစ်တပ်ရဲ့ သေဆုံးထိခိုက်မှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ငပြီကျွန်းဟာ AA ရဲ့ ထိန်းချုပ်မှုအောက်မှာ အခိုင်အမာရှိနေတယ်လို့ အောက်တိုဘာ ၂၈ရက်က အသိပေးထားပါတယ်။ AA သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ငပြီကျွန်းတိုက်ပွဲအတွင်း စစ်တပ် ပထမအကြိမ်ကမ်းတက်စဥ်က စစ်သင်္ဘော ၁ စီး၊ ဒုတိယအကြိမ် ကမ်းတက်စဥ်က စစ်သင်္ဘော ၁ စီးနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာ စစ်သင်္ဘော ၃ စီး စုစုပေါင်း ၅ စီးထက်မနည်းဟာ AA ရဲ့ ပစ်ခတ်၊ ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA SCEF #တောင်ကိုရီးယားလွှတ်တော်အမတ်များ #မြန်မာ့အရေး #တွေ့ဆုံဆွေးနွေးမှု #နိုင်ငံတကာဆက်ဆံရေး #မြန်မာ့သတင်း #SCEF #SouthKoreaMPs #MyanmarAffairs #DiplomaticMeeting #InternationalRelations #MyanmarNews#ငပြီကျွန်း #ရခိုင်ပြည်နယ်စစ်ရေး #စစ်ကောင်စီရေတပ် #ကမ်းတက်စစ်ဆင်ရေး #အာရက္ခတပ်တော် #AA #မြန်မာ့စစ်ရေးသတင်း #မြန်မာ့သတင်း