Перейти к содержимому

CI ဖျက်သိမ်းရေးတောင်းဆိုတဲ့ ခေါင်းဆောင်ကို ဘယ်သူတွေ တိုက်ခိုက်ခဲ့သလဲ

Myanmar Now News

0:00 / 0:00

CI ဖျက်သိမ်းရေးတောင်းဆိုတဲ့ ခေါင်းဆောင်ကို ဘယ်သူတွေ တိုက်ခိုက်ခဲ့သလဲ

9 721 просмотр · 4 ч назад
Myanmar Now News
1,22 млн подписчиков
9 721 просмотр · 4 ч назад
CI ဖျက်သိမ်းရေးတောင်းဆိုတဲ့ ခေါင်းဆောင်ကို ဘယ်သူတွေ တိုက်ခိုက်ခဲ့သလဲ —————— အာဏာသိမ်းစစ်တပ်က ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ဖျက်သိမ်းရေး ဆန္ဒပြပွဲမှာ Bright Future အဖွဲ့ခေါင်းဆောင် မြန်မာနွယ်ဖွား ဆူရတ်ဂီရိဟာ ထိုင်းအမျိုးသားရေးသမားတွေရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဟန့်တားမှုကို ခံခဲ့ရပါတယ်။ နိုဝင်ဘာ ၁ ရက်က ဘန်ကောက်မြို့၊ ကုလသမဂ္ဂ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (UNESCAP) ရုံးရှေ့မှာ ထိုင်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း ဖြစ်ပွားခဲ့တာပါ။ ဆန္ဒပြသူတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ တိုင်ကြားထားသလို ထိုင်းလူ့အခွင့်အရေးကော်မရှင်ကလည်း လက်ခံစစ်ဆေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ Bright Future အဖွဲ့ဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ထိုင်းလွှတ်တော်နဲ့ အစိုးရဌာနတွေကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းချိန်ကစပြီး တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ဆန္ဒထုတ်ဖော်မှုပေါင်း ၆၀ ကျော်လည်း ပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ် ဆန္ဒပြပွဲမှာ ဘယ်သူတွေက ဘယ်လို တိုက်ခိုက်ဟန့်တားခဲ့သလဲ၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက်ဆောင်ရွက်နေသလဲဆိုတာကို Bright Future အဖွဲ့ခေါင်းဆောင် ဆူရတ်ဂီရိနဲ့ Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း – အောင်နိုင်၊ တည်းဖြတ် – ကိုလှိုင်း ------------------------------------------- Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။