Перейти к содержимому

Khit Thit Morning News | 1 November 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 1 November 2026

123 204 просмотра · 4 ч назад
Khit Thit Media
3,31 млн подписчиков
123 204 просмотра · 4 ч назад
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ ပြည်ပရောက် PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာတွေအားလုံး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ သံရုံးထောက်ခံစာလုပ်တာ အပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စတွေ ဆောင်ရွက်ပါက ဝင်ငွေခွန် ၁ နှစ်စာနဲ့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အထောက်အထားတွေကို နိုဝင်ဘာလ ၁ ရက်နေ ကစပြီး စတင်တင်ပြရမယ်လို့ စစ်ကောင်စီက ညွန်ကြားလာပြန်ပါတယ်။ ရန်ကုန်မြို့မှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရမှုတွေ ဖြစ်နေတဲ့အချိန် G-12 ကျောင်းသား မောင်ဇေဖြိုးအောင်နဲ့ မောင်ကွမ်းချစ်ဝေ ဆိုသူတို့ ၂ ဦးလည်း ပျောက်ဆုံးနေပြီး မိဘတွေက လူပျောက်တိုင်ချက်ဖွင့်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အတင်းအကျပ် နေရပ်စွန့်ခွာစေမှုတွေ ပိုမိုဆိုးရွားလာနေပြီး ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ် ဆက်ရှိနေတယ်လို့ Genocide Watch က ၂၀၂၆ ခုနှစ် အောက်တိုဘာလ အစီရင်ခံစာမှာ သတိပေးထားပါတယ်။ အမေရိကန်သမ္မတက အီရန်စစ်ပွဲ မကြာခင်ပြီးဆုံးမယ့်လို့ ပြောနေချိန် အီရန်က စစ်ရေးအရ အကြီးအကျယ် ပြင်ဆင်ထားတယ်လို့ ထပ်မံပြောလာပြန်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။