Перейти к содержимому

ယနေ့ ( ၂၇ - ၉ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ

PSM Myanmar

0:00 / 0:00

ယနေ့ ( ၂၇ - ၉ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ

215 081 просмотр · 2 дня назад
PSM Myanmar
53,5 тыс. подписчиков
215 081 просмотр · 2 дня назад
ကမ္ဘာ့မိုးလေဝသဆိုင်ရာ အချက်အလက်များနဲ့ မော်ဒယ်များ စုစည်းဖော်ပြပေးတဲ့ PolarWx Ensemble မော်ဒယ်တွေရဲ့ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းကို ရောက်ရှိနေတဲ့ အထက်လေပွေလှိုင်း Invest 92W ဟာ မြန်မာနိုင်ငံအတွင်းကို အရှေ့တောင်ဘက်ကနေ အနောက်မြောက်ဘက်ဆီ ဦးတည်ပြီး တောင်ဘက်ကနေ မြောက်ဘက်အထိ ဒေါင်လိုက် တောက်လျှောက် ဖြတ်သန်းသွားမှာဖြစ်ပါတယ်။  Invest 92W ဟာ ဒီနေ့မှာပဲ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အတွင်းကနေ  မြန်မာနိုင်ငံ တောင်ပိုင်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်း၊ နယ်စပ်ကနေ စတင်တိုးဝင်လာနေပြီး ကြီးမားတဲ့ မိုးတိမ်ထုတွေ စိုထိုင်ဆတွေ မြင့်မားစွာ ပါဝင်လာတဲ့အတွက် တနင်္သာရီတိုင်း မြောက်ပိုင်းဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၄ လက်မကနေ ၈ လက်မအထိ စံချိန်တင် မိုးကြီးနိုင်ပါတယ်။  လေဖိအားနည်းစနစ်ဟာ ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားလာနိုင်ပြီး နောက် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်အထိ ရောက်ရှိလွှမ်းမိုးလာနိုင်မှာ ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်မှာတော့ လကုန်ပိုင်းမှာတော့ အနောက်မြောက်ဘက်ကို ဆက်လက်တိုးဝင်ကာ အားလျော့သွားမှာပါ။ ဒါကြောင့် ဒီနေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အတွင်း လေဖိအားနည်းစနစ် ဖြတ်သန်းရာ လမ်းကြောင်းမှာရှိတဲ့ ဒေသတွေမှာ လေပြင်းတိုက်ခတ်မှု အန္တရာယ်၊ ရုတ်တရက် ရေကြီးရေလျှံမှု ဘေးအန္တရာယ်တွေအပြင် တောင်ကုန်းတောင်တန်း ဒေသတွေမှာ တောင်ကျရေလျှံတာ၊ ချောင်းရေ မြင့်တက်တာနဲ့ မြေပြိုမှု အန္တရာယ်တွေကို အထူးဂရုပြု ပြင်ဆင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီနေ့မှာတော့ တနင်္သာရီတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ နေရာအနှံ့အပြား မိုးများနိုင်မှာဖြစ်ပါတယ်။  အထူးသဖြင့် တနင်္သာရီတိုင်းက ပလောက် သရက်ချောင်း လောင်းလုံ ထားဝယ် ရေဖြူ ကလိန်အောင်၊စတဲ့ ဒေသတွေမှာ မိုးအလွန်သည်းထန်ကာ မိုးရေချိန် ၄ လက်မကနေ ၁၀ လက်မဝန်းကျင်အထိ မိုးအလွန်ကြီးနိုင်ပါတယ်။ မွန်ပြည် ကရင်ပြည် နေပြည်တော်နဲ့ ရခိုင်ပြည်တောင်ပိုင်းမှာလည်း နေရာအနှံ့အပြားကနေ နေရာစိပ်စိပ် မိုးအနည်းငယ်ရွာနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကျားသာ မိုးအနည်းမျှရွာနိုင်မှာဖြစ်ပါတယ်။ ရခိုင်ပြည်တောင်ပိုင်း မကွေးတိုင်း နေပြည်တော် ကရင်နီပြည် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နဲ့ တနင်္သာရီတိုင်း တို့မှာ လေထုမငြိမ်သက်မှုတွေနဲ့အတူ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး  မိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက် လေပြင်းတိုက်ခတ်တာ မိုးအလွန်သည်းထန်တာ မိုးခြိမ်းတာ လျှပ်စီးလက်တာ မိုးကြိုးပစ်တာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ နောက်နှစ်ရက်အတွင်းမှာတော့ နိုင်ငံတဝန်း မိုးရွာသွန်းမှုတွေအားကောင်းလာနိုင်မှာဖြစ်ပြီး ရခိုင်ပြည်တောင်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည် ကရင်ပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးများနိုင်မှာဖြစ်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ တစ်နာရီ ၃၅ မိုင် အထိ မိုးသက်လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေကနေ ၁၂ ပေခန့် ရှိနိုင်တာကြောင့် လှိုင်းကြီးရာကနေ လှိုင်းကြီးအလွန်ကြီးနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တစ်နာရီ ၂၅ မိုင်ကနေ မိုင် ၃၀ အထိ မိုးသက်လေပြင်းများတိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေခန့်ရှိနိုင်ပြီး လှိုင်းအသင့်အတင့် ကနေ လှိုင်းကြီးနိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ပြင်အတွင်း ခရီးသွားလာကြတဲ့သူတွေအပြင် ကမ်းနီးကမ်းဝေး ရေလုပ်သားတွေအနေနဲ့ ပင်လယ်ပြင်အတွင်း လှိုင်းကြီးလေထန်အန္တရာယ်ရှိနိုင်တာကြောင့် အထူးသတိပြု သွားလာကြဖို့နဲ့ အတတ်နိုင်ဆုံး  ပင်လယ်ပြင်အတွင်း သွားလာခြင်းမပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။ PSM ရဲ့ ပရိတ်သတ်များရှင် မိုးလေဝဖြစ်စဉ်တွေဟာ များသောအားဖြင့် ၇၀ ရာခိုင်နှုန်းခန့်သာ မှန်နိုင်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။  #psm_weather #psm_myanmar #psm_news