ပြည်တွင်းစစ်နဲ့ မသမာတဲ့စီးပွားရေး- BBC News မြန်မာ
BBC News မြန်မာ
0:00 / 0:00
ပြည်တွင်းစစ်နဲ့ မသမာတဲ့စီးပွားရေး- BBC News မြန်မာ
82 451 просмотр · 18 часов назад
BBC News မြန်မာ
2,75 млн подписчиков
82 451 просмотр · 18 часов назад
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကနေ လတ်တလော ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာထဲမှာ၊ မြန်မာနိုင်ငံထဲက မသမာတဲ့ စီးပွားရေးတွေ အကြောင်းလည်း အသားပေးထားပါတယ်။
စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီးတဲ့ ၅ နှစ်ကျော် ကာလမှာ လူတွေဟာ လက်နက်ကိုင် ပဋိပက္ခဒဏ်တွေကို ခံရတာတင်မက၊ အလျင်အမြန် ကြီးမား ကျယ်ပြန့်လာတဲ့ မသမာတဲ့ စီးပွားရေး၊ တရားမဝင် စီးပွားရေးတွေရဲ့ ရိုက်ခတ်မှုတွေကိုပါ ခံစားနေကြရတယ်လို့ ဆိုပါတယ်။
ဒီတော့ မသမာတဲ့ စီးပွားရေး၊ တရားမဝင် စီးပွားရေးတွေလို့ ပြောပြီဆို ... ဘာတွေကို ရည်ညွှန်းတာပါလဲ။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဘယ်လို ဆက်စပ်နေလဲ။ မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ဆိုရင် ဒီလို မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ဖျက်ပြီး အမြစ်ဖြတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ ... စတာတွေကို ဒီတစ်ပတ် သတင်းမြင်ကွင်း အစီအစဥ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးကြသူတွေကတော့ .... နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်နိုင်ဖို့ရာ ကမ္ဘာလုံး ဆိုင်ရာ ကြိုးစားအားထုတ်ကြတဲ့ အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကြား သဘောတူမှု ရယူပြီး၊ ဂျနီဗာမြို့ အခြေစိုက် ဖွဲ့စည်းထားတဲ့ Global Initiative against Transnational Organized Crime - အတိုကောက် GI-TOC ဂျီအိုင် တော့ခ် အဖွဲ့က အရှေ့တောင်အာရှဆိုင်ရာ ညှိနှိုင်းရေးမှုး၊ အလက်စတာ မက်ဘိသ်နဲ့ ထိုင်းနိုင်ငံ၊ ကာဆေဆာထ် KASETSART တက္ကသိုလ်၊ လူမှုသိပ္ပံ မဟာဌာနက လက်ထောက်ပါမောက္ခလည်းဖြစ်၊ နယ်သာလန်နိုင်ငံ လိုင်ဒဲန် မြို့ အခြေစိုက် အာရှလေ့လာရေး နိုင်ငံတကာ အင်စတီကျုရဲ့ မြန်မာ့အရေး အကြံပေး လည်း ဖြစ်တဲ့ ဒေါက်တာ လာလီတာ ဟန်းဝမ်တို့ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို စက်တင်ဘာလ ၁၂ ရက်၊ စနေည၊ မြန်မာစံတော်ချိန် ည ၈ နာရီမှာ ဘီဘီစီမြန်မာပိုင်း ဖေ့စ်ဘုတ်စာမျက်နှာနဲ့၊ ည ၈ နာရီခွဲအချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း