Перейти к содержимому

Khit Thit Afternoon News | 13 September 2026

Khit Thit Media

0:00 / 0:00

Khit Thit Afternoon News | 13 September 2026

142 057 просмотров · 5 часов назад
Khit Thit Media
3,28 млн подписчиков
142 057 просмотров · 5 часов назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်း အစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် ဆွဲသွင်းနေ တာကို တိုက်ဖျက်ရေးအတွက် လူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို လာရောက်ဖို့ ဖိတ်ခေါ် ထားပြီး ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေး၊ ပြည်ပထွက်ခွာရေး၊ လူထုဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့ စီစဉ်ပေးမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ -စစ်မှုထမ်းအစားလိုက်သူနည်းပါးလာတဲ့ မန္တလေးမှာ ရပ်ကွက်အလိုက် စစ်မှုထမ်းဆင့်ခေါ် မဲနှိုက်ပွဲတွေ အရှိန်မြှင့်ပြန်လုပ်လာသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုဆိုးလာတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကုလသမဂ္ဂ (UN) မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းက ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ယူကေရောက် မြန်မာတိုင်းရင်းသား မိသားစုတွေဟာ စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက လန်ဒန်မြို့ရှိ ဗြိတိန်ပါလီမန် အဆောက်အအုံရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မကြာခင် အဆုံးသတ်နိုင်တယ်လို့ ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ Sent