Перейти к содержимому

မင်းအောင်လှိုင်၏ “ကာကက်စ်တိုကရေစီ” နိုင်ငံတော်

Myanmar Now News

0:00 / 0:00

မင်းအောင်လှိုင်၏ “ကာကက်စ်တိုကရေစီ” နိုင်ငံတော်

39 394 просмотра · 3 ч назад
Myanmar Now News
1,22 млн подписчиков
39 394 просмотра · 3 ч назад
မင်းအောင်လှိုင်၏ “ကာကက်စ်တိုကရေစီ” နိုင်ငံတော် ………………. စစ်ခေါင်းဆောင်တစ်ဦး၏ အာဏာရမ္မက်ကြောင့် မြန်မာနိုင်ငံသည် မျိုးဆက်နှင့်ချီ ကုစားရန်မလွယ်သော ဆင်းရဲမွဲတေမှု တွင်းနက်ကြီးထဲ ကျဆင်းနေပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် ပြည်သူကို ရန်သူလိုသဘောထား၊ တိုင်းပြည်ဘဏ္ဍာကိုဖြုန်း၍ စစ်အင်အားသုံးကာ ပြည်သူသန်းပေါင်းများစွာ၏ ရပ်ရွာများကို ဖျက်ဆီးခြေမွှခဲ့သည်။ အကျိုးဆက်အားဖြင့် ပြည်သူလူထုကို အခြေပြုလည်ပတ်ရသော နိုင်ငံ၏ စီးပွားရေးသည် ပြင်းထန်သော ရိုက်ခတ်မှုများ ကြုံတွေ့နေရပြီ ဖြစ်သည်။ UNDP ၏ အစီရင်ခံစာက နိုင်ငံအနှံ့ လူတန်းစားအလွှာပေါင်းစုံ ရင်ဆိုင်နေရသော ဆင်းရဲကျပ်တည်းမှု နက်ရှိုင်းကျယ်ပြန့်လာသည့်အဖြစ်ကို သတိပေးထားသည်။ သို့သော် ထိုပြဿနာ၏ အဓိကအရင်းခံ အကြောင်းရင်းဖြစ်သော စစ်အာဏာသိမ်းမှုကို ထောက်ပြရန် ရှောင်ရှားခဲ့သည်။ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်ရေးဆီ ဦးတည်ခဲ့သော နိုင်ငံသည် ယခုအခါ ဆင်းရဲမွဲတေမှု တွင်းနက်ထဲ ပြောင်းပြန်ဇောက်ထိုး ကျဆင်းနေခြင်း ဖြစ်သည်။ ငွေလဲနှုန်းအမျိုးမျိုးဖြင့် ငွေကြေးဈေးကွက်ကို ဖျက်ဆီးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပျက်ပြားစေခြင်းတို့နှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လုပ်ငန်းများပိတ်သိမ်းမှု၊ အလုပ်လက်မဲ့များပြားမှုနှင့် လုပ်သားအင်အား ပြည်ပထွက်ခွာမှုတို့သည် ကွင်းဆက်သက်ရောက်မှုများအဖြစ် ဖြစ်ပေါ်နေသည်။ ထိုပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းရမှန်းမသိသော မင်းအောင်လှိုင်သည် အမိန့်အာဏာဖြင့် ဖမ်းဆီး၊ ဖိနှိပ်၊ အကြမ်းဖက်၊ အကျဉ်းချသည့် နည်းလမ်းများဖြင့်သာ ဖြေရှင်းနေသည်။ မင်းအောင်လှိုင်သည် အရည်အချင်းမရှိဆုံး၊ ကျင့်ဝတ်သိက္ခာကင်းမဲ့ဆုံး အုပ်ချုပ်ရေးဟု အဓိပ္ပာယ်ရသော “ကာကက်စ်တိုကရေစီ” ၏ ပြယုဂ်ဖြစ်လာသည်။ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုပြဿနာကြီးကို ဖြေရှင်းရေးထက် ၎င်း၏အာဏာခိုင်မြဲရေးအတွက် စစ်တပ်ကို ကိုယ်ပိုင်လက်နက်ကိုင်တပ်သဖွယ် အသုံးချပြီး လူမှုစီးပွားအခြေခံအဆောက်အဦများကို ဖျက်ဆီးနေခြင်းသည် ပြည်ဖျက်အုပ်ချုပ်ရေးသာ ဖြစ်ကြောင်း Myanmar Now ၏ ပင်တိုင်ဆောင်းပါးရှင် ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ တင်ဆက်၊ တည်းဖြတ် - ဟန်လင်း/Myanmar Now