Перейти к содержимому

CI ထုတ်​ပေးမယ့်အစီအစဥ် ဖျက်သိမ်း​ပေးဖို့ Bright Future တောင်းဆို | People's Spring

People's Spring

0:00 / 0:00

CI ထုတ်​ပေးမယ့်အစီအစဥ် ဖျက်သိမ်း​ပေးဖို့ Bright Future တောင်းဆို | People's Spring

3 617 просмотров · 16 ч назад
People's Spring
704 тыс. подписчиков
3 617 просмотров · 16 ч назад
CI ထုတ်​ပေးမယ့်အစီအစဥ် ဖျက်သိမ်း​ပေးဖို့ Bright Future တောင်းဆို အောက်တိုဘာ-၁၀၊ ၂၀၂၆။ People's Spring ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး Bright Future (တောက်ပသောအနာဂတ်)အဖွဲ့အစည်းက ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီဆီ သွားရောက်တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်မှာ Bright Futureအဖွဲ့က ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းအောက် လွှတ်တော် အလုပ်သမားရေးရာကော်မတီဆီ သွားရောက်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ CI ထုတ်ပေးမှု ရွှေ့ဆိုင်းပေးဖို့ Bright Future က တောင်းဆိုလာတာ အကြိမ်ကြိမ်ရှိပြီဖြစ်ပြီး ထိုင်းအစိုးရကလည်း အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့တယ်လို့ ဆူရတ်ဂျ်ဂီရီက လူထုနွေဦးကို ပြောပါတယ်။ ဒီတစ်ကြိမ်တောင်းဆိုတာလည်း အောင်မြင်မှုရမယ်လို့ မျှော်လင့်ကြောင်း Bright Future အဖွဲ့က ဆူရတ်ဂ်ျဂီရီက ဆက်ပြောပါတယ်။ CIစင်တာတွေ ဖျက်သိမ်းရေးအပြင် ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေကိုလည်း ဖမ်းဆီးအရေးယူပေးဖို့ တပါတည်းတောင်းဆိုထားတယ်လို့ သူက ရှင်းပြပါတယ်။ Bright Futureအဖွဲ့နဲ့ ဆူရတ်ဂ်ျဂီရီဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအရေး စဥ်ဆက်မပြတ် တောင်းဆိုဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်မြို့သွားရောက်ချိန်တိုင်း ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ လတ်တလောမှာ ထိုင်းအစိုးရနဲ့ အာဏာသိမ်းစစ်တပ်တို့ သဘောတူညီနဲ့ချက်နဲ့ လာမယ့် အောက်တိုဘာ ၁၅ရက်မှာ CI စခန်းတွေ ဖွင့်လှစ်တော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အခု CI စာအုပ် လုပ်ရမယ့် အလုပ်သမားတွေဟာ လူအဟောင်းတွေမဟုတ်ဘဲ ဘတ်အသစ်ပြုလုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာလုပ်သားဦးရေ ၄သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။ CI စာအုပ်ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး အခုတခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တပါတည်းပေးဆောင်ရမှာလို့ ဦးဝေလင်းမောင်က ပြောပါတယ်။ CI စာအုပ်ထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း အာဏာသိမ်းစစ်တပ်သာ ရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်တပ်က ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရဆီ မကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။ မြန်မာလုပ်သားတွေအနေနဲ့ CI မလုပ်ကြဖို့ တိုက်တွန်းချင်ကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။ CI မလုပ်ရင် အခက်ကြုံရနိုင်တဲ့ အခြေအနေတချို့ရှိပေမယ့် ထိုင်းအစိုးရနဲ့ မဆိုင်တာကြောင့် ပြဿနာမကြီးမားကြောင်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ဆိုပါတယ်။ ===== ကျောက်ဖြူ စစ်တပ်ကာကင်းစခန်းတခုကို AA ထပ်မံသိမ်းပိုက် အောက်တိုဘာ-၁၀၊ ၂၀၂၆။ People's Spring ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်ရဲ့နောက်ဆုံးကာကင်းစခန်းတွေရှိရာ အ၀တောင်ရွာဝန်းကျင်ရှိ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၉ ရက် မနေ့က ညနေပိုင်းမှာ ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ AAက အောက်တိုဘာလဆန်းပိုင်းကစပြီး တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်းတွေကို အရှိန်မြှင့်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က အထိနာနောက်ဆုတ်နေရကာ မနေ့ကတော့ ကာကင်းစခန်းတခုပါ လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ AA သိမ်းပိုက်လိုက်တဲ့ စခန်းဟာ အင်အား ၅၀ လောက်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကြီးလို့ ပြောရကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲအတွင်း အရှင်ဖမ်းမိသူအချို့လည်း ရှိပြီး စခန်းသိမ်းတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြောလို့ မရသေးဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ လက်ရှိမှာ အ၀တောင်ရွာနဲ့ စနဲမြို့အကြားနေရာအချို့၊ အ၀တောင်နဲ့ တောင်မော်ဦးရေတပ်အကြားနေရာအချို့တို့မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ကာကင်းစခန်းဆုံးရှုံးသွားပြီး တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က မနေ့က နေ့လယ်နဲ့ ညနေပိုင်းမှာ စနဲမြို့အနီးဝန်းကျင်၊ အ၀တောင်ရွာအနီးဝန်းကျင်တို့ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲမှာ အထိနာလို့ ဗုံးကြဲလာတာလို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #BrightFuture #CIပြုလုပ်ရေး #ရွှေ့ပြောင်းလုပ်သား #ထိုင်းရောက်မြန်မာများ #မြန်မာ့ရေးရာသတင်း #BrightFutureGroup #CertificateOfIdentity #MigrantWorkers #MyanmarInThailand #MyanmarNews #ကျောက်ဖြူတိုက်ပွဲ #အာရက္ခတပ်တော် #စခန်းသိမ်းပိုက်မှု #ရခိုင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #KyaukphyuBattle #ArakanArmy #OutpostCaptured #RakhineConflict #MyanmarConflict #MyanmarNews