“အရမ်းဆိုးနေတာ (စစ်မှုထမ်း) ဖမ်းဆီးတာက၊ သားယောကျာ်းလေးတွေကို အပြင်လွှတ်ရဖို့ သိပ်စိတ်မချတော့ဘူး”
MizzimaTV
0:00 / 0:00
“အရမ်းဆိုးနေတာ (စစ်မှုထမ်း) ဖမ်းဆီးတာက၊ သားယောကျာ်းလေးတွေကို အပြင်လွှတ်ရဖို့ သိပ်စိတ်မချတော့ဘူး”
2 624 просмотра · 8 часов назад
MizzimaTV
3,35 млн подписчиков
2 624 просмотра · 8 часов назад
စက်တင်ဘာ ၁၃
မဇ္ဈိမ။ ။ အာဏာသိမ်းပြီးနောက် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး လူငယ်များကို စစ်ထဲသွင်းနေသည့် စစ်အုပ်စု၏ စစ်မှုထမ်း စုဆောင်းမှုများကို ရန်ကုန်မြို့၏ မြို့စွန်ဘက်များနှင့် ဆင်ခြေဖုံးဘက်များတွင် အများအားဖြင့် တွေ့ရလေ့ရှိသော်လည်း ယခုတခေါက်တွင်မူ မြို့ထဲဘက်တွင်ပါ အဖြစ်များလာကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
အသက် ၂၀ နှင့် ၃၅ နှစ်ကြား လူငယ်နှင့် လူလတ်ပိုင်းများကို ညအချိန် အဓိကပစ်မှတ်ထား၍ ပေါ်တာဆွဲနေကြောင်း ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များနှင့် သတိထားရမည့် စစ်အုပ်စု၏ လှုပ်ရှားမှုများကို အဓိကဖော်ပြနေသည့် Rangoon Scout Network (RSN) ၏ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။ တခါတရံ ကျောင်းသားအရွယ်များနှင့် လူကြီးပိုင်းများလည်း ပါသွားတတ်ပြီး ရန်ကုန်တွင် ယခု စက်တင်ဘာ ၁ ရက်မှ ၆ ရက်နေ့အတွင်း၌လည်း မြို့နယ် ၁၀ မြို့နယ်မှ လူ ၃၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း RSN ၏ ဖော်ပြချက်များအရ သိရသည်။
သတင်း၊ တည်းဖြတ် - ၀၀၁
#စစ်မှုထမ်းဥပဒေ
#ရန်ကုန်မြို့
#အဓမ္မစစ်ဆွဲမှု
#ရုပ်သံသတင်း
#Mizzima
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။
https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
Subscribe Mizzima TV :
/ @mizzimanewstv
One link to follow all Mizzima platforms:
https://mizzima.carrd.co