Перейти к содержимому

Khit Thit Morning News | 11 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 11 August 2026

348 076 просмотров · 4 недели назад
Khit Thit Media
3,28 млн подписчиков
348 076 просмотров · 4 недели назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ပြည်သူ့အာဏာပြန်လည်ရရှိရေးနဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။ ပဲခူးတိုင်းအတွင်းက မြို့နယ်နဲ့ ခရိုင်တရားရုံးတွေမှာ အနိုင်ရထားတဲ့ ချေးငွေဆိုင်ရာတရားမမှုတွေကို တိုင်းတရားလွှတ်တော်ထံ အယူခံဝင်တဲ့အခါ တိုင်းတရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က လာဘ်ငွေယူပြီး မမှန်မကန် စီရင်ဆုံးဖြတ်တာတွေ ပြုလုပ်နေတယ်လို့ အမှုလိုက်ရှေ့နေတွေနဲ့ နစ်နာသူတွေထံက သိရပါတယ်။ မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ကို အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များဖိုရမ် SEANF ရဲ့ ၂၀၂၇ ခုနှစ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့် မပြုဖို့ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၁၄၆ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းနဲ့ အနီးဝန်းကျင်ဒေသတွေမှာ တနင်္လာနေ့က အင်အား ၇ ဒသမ ၄ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။