Перейти к содержимому

ရှမ်းနဲ့ ကချင်နယ်စပ်မှာ တိုက်ပွဲပြင်းထန် (ရုပ်/သံ)

The Irrawaddy News

0:00 / 0:00

ရှမ်းနဲ့ ကချင်နယ်စပ်မှာ တိုက်ပွဲပြင်းထန် (ရုပ်/သံ)

86 034 просмотра · 4 месяца назад
The Irrawaddy News
1,62 млн подписчиков
86 034 просмотра · 4 месяца назад
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်နဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ မဘိမ်း၊ ငါးအိုးဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းတပ်တွေကို KIA ပူးပေါင်းတပ်တွေက မဘိမ်းလမ်းခွဲနဲ့ ခတ်ခုံရွာအကြားမှာ ကြားဖြတ်တိုက်ခိုက်နေတာဖြစ်သလို၊ စစ်ကူလာတဲ့ ရွှေကူအခြေစိုက်တပ်တွေနဲ့လည်း ၅ လမ်းဆုံအရောက်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာပါ။ ဒီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်ရှိမှာတော့ မန်နားလေးနဲ့ သုံးခွကျေးရွာ ပတ်ဝန်းကျင်တွေအထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနေပါတယ်။ #မြန်မာ #ဧရာဝတီ #ရွှေကူ #မဘိမ်း #ကချင် #ရှမ်း #KIA #What'sHappensInMyanmar ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ    / @theirrawaddy_news   Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation