Перейти к содержимому

ရခိုင်ရိုးမအစပ်၊ သရက် - မင်းတုန်း လမ်းတကြော စစ်အုပ်စု အင်အားထောင်ချီ ထိုးစစ်ဆင်၊

Mandalay Free Press - MFP

0:00 / 0:00

ရခိုင်ရိုးမအစပ်၊ သရက် - မင်းတုန်း လမ်းတကြော စစ်အုပ်စု အင်အားထောင်ချီ ထိုးစစ်ဆင်၊

23 429 просмотров · 4 мес. назад
Mandalay Free Press - MFP
339 тыс. подписчиков
23 429 просмотров · 4 мес. назад
မင်းတုန်းမှာ တစ်လကျော်အတွင်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပြီး စစ်အုပ်စု ၂၀ ကျော် သေ၊ ဝင်းသိန်း/MFP၊ ဇွန် - ၂ မကွေးတိုင်း၊ သရက်ခရိုင်၊ ရခိုင်ရိုးမအစပ်ရှိ၊ သရက် - မင်းတုန်း ကားလမ်းတလျှောက်ကို အာဏာသိမ်း စစ်အုပ်စုက သင်္ကြန်ကာလက စတင်ကာ အင်အား ထောင်နဲ့ချီ အသုံးပြုပြီး ထိုးစစ်ဆင်နေလို့ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက MFP ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၈ရက်က စတင်ပြီး သရက်မြို့ အခြေစိုက် စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း (ခလရ) ၄၄၊ လက်နက်စက်ရုံ (ကပစ) ၁၂ နဲ့ မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် - လပခ လက်အောက်ခံ တပ်တွေကနေ မတရားပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို သုံးကာ အင်အား ၁၀၀၀ ကျော်နဲ့ မင်းတုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဖြန့်ခွဲ ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။ (Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။) Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။ Facebook:   / mandalayfreepress   YouTube:    / @mandalayfreepressmfp   #MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်