Перейти к содержимому

တောင်သာနယ်မှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ၁၀ ယောက် ထက်မနည်း သေ၊

Mandalay Free Press - MFP

0:00 / 0:00

တောင်သာနယ်မှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ၁၀ ယောက် ထက်မနည်း သေ၊

1 288 просмотров · 4 мес. назад
Mandalay Free Press - MFP
339 тыс. подписчиков
1 288 просмотров · 4 мес. назад
တိုက်ပွဲရှုံးတဲ့ စစ်အုပ်စုက ပြည်သူတွေကို သတ်ဖြတ်၊ ရွာမီးရှို့နေပြီး နှစ်ရက်အတွင်း ပြည်သူ ခြောက်ဦး သတ်ဖြတ်ကာ ရွာခြောက်ရွာ မီးရှို့ဖျက်ဆီး၊ ဒေါ်လာ၊ MN/MFP ၊ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲ စီးနင်းဝင်ရောက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုကို နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်အုပ်စု ၁၀ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က သတင်း ထုတ်ပြန်ပါတယ်။ မေ ၃၁ ရက်က ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာကနေ ငါ့သရောက် - ဝဲလောင်လမ်းအတိုင်း တောင်သာမြို့နယ်၊ တံတားကျေးရွာဘက် ဝင်ရောက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စုကို ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် - PLA၊ Popa Guerilla Force - PGF၊ 21 Bagan တပ်ဖွဲ့၊ ဂဠုန် ပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံခရိုင် PDF တပ်ရင်း ၃ တို့ ပူးပေါင်းကာ မေ ၃၁ရက်နဲ့ ဇွန် ၁ရက်တွေက တိုက်ခိုက်ခဲတာလို့ ဆိုပါတယ်။ အဲ့ဒီ တောင်သာနယ် တံတားကျေးရွာအနီး မိနစ်အနည်းငယ်စီကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ရက်တာ တိုက်ပွဲတွေ အတွင်း စစ်အုပ်စု ၁၀ ယောက်ထက်မနည်း သေတာကို မြင်တွေ့ရပြီး စစ်အသုံးအဆောင်နဲ့ ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ PLA က ဖော်ပြပါတယ်။(Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။) Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။ Facebook:   / mandalayfreepress   YouTube:    / @mandalayfreepressmfp   #MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်