Khit Thit Afternoon News | 23 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 23 October 2026
114 308 просмотров · 3 часа назад
Khit Thit Media
3,3 млн подписчиков
114 308 просмотров · 3 часа назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့
အကြမ်းဖက်မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ထားတဲ့ ရာပြည့် ဆိုသူက နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် နိုင်ငံတစ်ဝှမ်း လစဉ် စစ်မှုထမ်းခေါ်ယူရေး အင်အားပြည့်အောင် ဆောင်ရွက်ဖို့နဲ့ စစ်မှုထမ်းစနစ်ကို လူထုအကောင်းမြင်အောင် လုပ်ဆောင်ဖို့ ညွန်ကြားလာပြန်တယ်လို့ ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အကြမ်းဖက် စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က တော်တော်ကို အထိနာနေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန် ခေတ်သစ်ကို ပြောလာပါတယ်။
မြန်မာနိုင်ငံက ကျားဖြန့်ငွေလိမ် လုပ်ငန်းတွေဟာ မြန်မာစစ်တပ် စစ်အုပ်စုနဲ့ ဆက်နွှယ်နေတာကြောင့် အမြစ်တွယ်နေပြီး အဆောက်အအုံတွေဖျက်ဆီးပြရုံလောက်နဲ့ မပျောက်သွားနိုင်သလို ဒီကိစ္စဟာ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်လာနေတယ်လို့ နိုင်ငံတကာက လေ့လာသူတွေက ပြောလာပါတယ်။
အီရန်စစ်ပွဲကနေတဆင့် ကမ္ဘာ့ ရေနံဈေးတက်လာအောင် သင်္ဘောတွေတိုက်ခိုက်ခံနေရတဲ့ ဆိုတဲ့ အခြေနေတွေကို အီရန်က လိမ်လည်ပြောဆိုနေပြန်တယ်လို့ အမေရိကန်သမ္မတ ထရန့်က စွပ်စွဲလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။