Перейти к содержимому

အရှုံးမလိုချင်လို့ ခြေတုတဖက်နဲ့ စစ်တိုက်နေတဲ့ တော်လှန်ရေးရဲဘော်

Kantarawaddy Times - Karenni News

0:00 / 0:00

အရှုံးမလိုချင်လို့ ခြေတုတဖက်နဲ့ စစ်တိုက်နေတဲ့ တော်လှန်ရေးရဲဘော်

331 217 просмотров · 2 года назад
Kantarawaddy Times - Karenni News
34,3 тыс. подписчиков
331 217 просмотров · 2 года назад
အရှုံးမလိုချင်လို့ ခြေတုတဖက်နဲ့ စစ်တိုက်နေတဲ့ တော်လှန်ရေးရဲဘော် မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း (မ်) လူ ၈ ယောက်ဝန်းကျင်ပါတဲ့ တပ်စုတခုကို တပ်စုမှူးဖြစ်တဲ့ ဗင်းဇင့် ကဦးဆောင်ပြီး ဒီးမော့ဆိုမြို့နယ် သပြေတောကျေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ဖို့ လာခဲ့ကြပါတယ်။ ရေချောင်းဘေးမှာ အကာအကွယ်ယူနေချိန်မှာပဲ ဗင်းဇင့် ရဲ့ အရှေ့ မီတာ ၁၀၀ အကွာမှာ စစ်ကောင်စီ ကင်းပုန်းနှစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်။ ခြုံခိုပစ်ဖို့ ရေချောင်းကို အသံမထွက်အောင် အသာအယာကူးလိုက်ချိန်မှာတော့ ‘အုန်း’ ခနဲ မိုင်းပေါက်ကွဲသံနဲ့အတူ ဗင်းဇင့် တယောက်လဲကျသွားခဲ့ပါတယ်။ ဗင်းဇင့် မြေမြှုပ်မိုင်းနင်းမိသွားတာပါ။ သူ့ကို ကယ်ဖို့ ရဲဘော်တယောက်ပြေးလာခဲ့ပေမဲ့ အဲဒီရဲဘော်ကပါ နောက်မိုင်းတလုံးကို နင်းမိသွားပါတယ်။ အသိစိတ်လွတ်သွားတဲ့ ဗင်းဇင့်က ခဏအတွင်းမှာပဲ အသိပြန်ကပ်လာခဲ့ပြီး ပုခုံးပေါ်က ပုဝါကို ဆွဲဖြုတ်ကာ ပေါင်မှာတင်းတင်းကြပ်ကြပ်စည်းထားလိုက်ပါတယ်။ သူ့ရဲ့ ညာခြေထောက်ပြတ်သွားတာပါ။ အဲနောက် သူ့လက်နှစ်ဖက်ကို အားပြုရင်း ခန္ဓာကိုယ်တရွတ်တိုက်ဆွဲကာ ရေချောင်းကို မရရအောင် ပြန်ကူးလာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကတော့ ၂၀၂၂ခုနှစ်ရဲ့ ဇန်နဝါရီလအတွင်းမှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ဗင်းဇင့် အသက် ၂၀ ပဲရှိပါသေးတယ်။ မိုင်းနင်းမိတာကို သိသိလိုက်ချင်းမှာပဲ ဘာမှမမှတ်မိနိုင်လောက်အောင် “အတွေးတွေက အတော်များများ ဝင်လာတယ်။” လို့ ဗင်းဇင့်က ပြောပါတယ်။ အတွေးတွေစုပြုံ ဝင်လာပေမဲ့ သူ ထင်ထင်ရှားရှားမှတ်မိနေတဲ့ အကြောင်းအရာ နှစ်ခုရှိတယ်လို့ ပြောပါတယ်။ “တော်လှန်ရေးကို ကျနော်ဆက်မလုပ်နိုင်ဘူး ထင်တယ်ဆိုတဲ့အတွေးပေါ့။ နောက်ပြီး ကိုယ့်ကိုယ်ကို ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့တဲ့ အခြေနေက တော်တော်ဆိုးခဲ့တယ်ပေါ့နော”လို့ ဗင်းဇင့်ကပြောပါတယ်။ ဒါပေမဲ့လည်း ဗင်းဇင့်က ၆ လကြာဆေးကုသမှု ခံယူခဲ့ရပြီးနောက် ပြတ်သွားတဲ့ညာခြေကို အစားထိုးခြေတုတပ်ပြီး အရင်ကထက် ပိုမာကြောတဲ့ စိတ်ဓာတ်နဲ့ လက်နက်ကိုင်တော်လှန်ဖို့ နောက်တခါ တော်လှန်ရေးထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အခု‌တော့ သူ အသက် ၂၂ နှစ်ရှိသွားပါပြီ။ ခြေတဖက်ဆုံးရှုံးခြင်းက ဗင်းဇင့် ရဲ့ တော်လှန်‌ရေးအပေါ် ထားတဲ့စိတ်ဓာတ်ကို မခြောက်လှန့်နိုင်ခဲ့ဘဲနဲ့ တော်လှန်လိုစိတ် မီးတောက်ကို ပိုတောက်လောင်စေတဲ့ အကြောင်းရင်းတခု ဖြစ်လာခဲ့တာပါ။ “ကျနော် မိုင်းနင်းမိတဲ့ အချိန်မှာပဲ စိတ်တော်တော်နာသွားတာ စစ်ကောင်စီကို၊ သူတို့သာ အာဏာမသိမ်းလိုက်ရင် ကျနော်တို့ ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး။ ဒီလိုလိုက်ပြီးမှ ပေးဆပ်နေစရာ အကြောင်းလည်းမရှိဘူးပေါ့နော” လို့ သူကပြောပါတယ်။ တော်လှန်ရေးထဲကို ပြန်ရောက်ချိန်မှာတော့ ဗင်းဇင့်က တပ်စုမှူးရာထူးကို စွန့်လွှတ်လိုက်ကာ စစ်ကောင်စီ လေယာဥ်ပစ်ချဖို့ တာဝန်ရှိတဲ့ ပွိုင့်ဖိုက် (.5) တပ်ဖွဲ့ထဲ ပြောင်းရွေ့ ပြီး တိုက်ပွဲ ဆက်ဝင်ဖို့ အတွန့်အဆုတ်မရှိ ဆုံးဖြတ်ခဲ့ကြောင်းကိုလည်း သူကပြောပြပါတယ်။