KNDF စစ်ရေးချုပ် ခူးရီးဒူ နှင့် တွေ့ဆုံခြင်း
Kantarawaddy Times - Karenni News
0:00 / 0:00
KNDF စစ်ရေးချုပ် ခူးရီးဒူ နှင့် တွေ့ဆုံခြင်း
24 139 просмотров · 2 года назад
Kantarawaddy Times - Karenni News
34,3 тыс. подписчиков
24 139 просмотров · 2 года назад
ရှားတောမြို့သိမ်းတိုက်ပွဲမှာ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ KNDF စစ်ရေးချုပ် ခူးရီးဒူ နှင့် တွေ့ဆုံခြင်း
ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်ရှားတောမြို့ မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားစစ်ဗျူဟာတွေထဲက အမှတ် (၃) ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ သိမ်းပိုက်ထားတာပါ။ လက်ရှိမှာတော့ ရှားတောမြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
ရှားတောမြို့သိမ်းတိုက်ပွဲက ရက်ပေါင်းဘယ်လောက်ကြာမြင့်ခဲ့သလဲ။ မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာ နှစ်ဖက် ထိခိုက်မှုအခြေအနေ၊ မြို့သိမ်းတိုက်ပွဲအတွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဘယ်လို ပြင်ဆင်ထားခဲ့ရသလဲ စတာတွေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ရေးချုပ်လည်းဖြစ်သလို ရှားတောမြို့သိမ်းတိုက်ပွဲမှာ စစ်ကြောင်းမှူးအဖြစ်တာဝန်ယူထားတဲ့ ခူးရီးဒူကို ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးအပြည့်အစုံကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။