Перейти к содержимому

“ပန်တိုဂျာကို ၃ ချီအတွင်းအနိုင်ယူမယ်” ဂျော့ရှုဝါဗန် ( UFC ဖိုက်တာ) - BBC News မြန်မာ

BBC News မြန်မာ

0:00 / 0:00

“ပန်တိုဂျာကို ၃ ချီအတွင်းအနိုင်ယူမယ်” ဂျော့ရှုဝါဗန် ( UFC ဖိုက်တာ) - BBC News မြန်မာ

56 531 просмотр · 19 часов назад
BBC News မြန်မာ
2,75 млн подписчиков
56 531 просмотр · 19 часов назад
UFC 331 ရဲ့ အဓိကပွဲစဉ်အဖြစ် Flyweight တန်းချန်ပီယံခါးပတ်ကို ကာကွယ်မယ့် လက်ရှိချန်ပီယံ မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန်နဲ့ စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာတို့ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်ရှိနေကြပါပြီ။ အသက် ၂၄ နှစ်အရွယ် ဗန်ဟာ လက်ရှိမှာ ၁၇ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းရှိပြီး သူ့ရဲ့ Flyweight ချန်ပီယံခါးပတ်ကို ကာကွယ်ရမှာဖြစ်ပါတယ်။ ပန်တိုဂျာကတော့ အရင်ရှုံးနိမ့်ခဲ့တဲ့ ဗန်ကို ပြန်လည်အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ပြန်ရယူဖို့ ကြိုးစားမှာပါ။ အမေရိကန်စံတော်ချိန် စက်တင်ဘာ ၁၉ ရက်၊ မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် မနက် ၈ နာရီခွဲမှာ ထိုးသတ်မယ့် ဒီချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် ပန်တိုဂျာကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ဂျော့ရှုဝါဗန်က ဘာပြောထားလဲ။ ရုပ်သံတိုကို ‌ဖေ့ဘွတ်ခ် စာမျက်နှာမှာကြည့်နိုင်ပြီး အင်တာဗျူးအပြည့်အစုံကိုတော့ ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျူ့ စာမျက်နှာ    / @bbcnewsburmese   မှာကြည့်ရှုနိုင်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #မြန်မာ #ဂျော့ရှုဝါဗန်