Перейти к содержимому

စစ်အုပ်စု၏ ဆင်ခြင်တုံတရားမဲ့ စွပ်စွဲချက်များနှင့် လော်ဘီ ကျော်စိုးဦး၏ ဟာသ

Yar Zar Activist

0:00 / 0:00

စစ်အုပ်စု၏ ဆင်ခြင်တုံတရားမဲ့ စွပ်စွဲချက်များနှင့် လော်ဘီ ကျော်စိုးဦး၏ ဟာသ

13 844 просмотра · 19 часов назад
Yar Zar Activist
5,92 тыс. подписчиков
13 844 просмотра · 19 часов назад
စစ်အုပ်စု၏ ဆင်ခြင်တုံတရားမဲ့ စွပ်စွဲချက်များနှင့် လော်ဘီ ကျော်စိုးဦး၏ ဟာသ ဒီကနေ့ တင်ဆက်ပေးမယ့် သတင်းတွေထဲမှာတော့ အကြမ်းဖက် မင်းအောင်လှိုင် ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့သည့် ညောင်တုန်းကျွန်းတာမှာ မြေသားတာများ ထပ်မံ အိကျ ပြိုကျနေပြီး တာကျိုးပေါက်မည်ကို ဒေသခံများ စိုးရိမ်နေရသည့် ဖြစ်စဉ်ကို ပထမဆုံး ဖော်ထုတ်ထားပါတယ်။ လေးမျက်နှာမြို့နယ်တွင်လည်း ငဝန်မြစ်ရေကာတာ အခြားတစ်နေရာ၌ ထပ်မံ ပြိုဆင်းလာသည့်အတွက် ဟန်ပြ ညွှန်ကြားချက်များ၏ အလုပ်မဖြစ်ပုံကို သရော်ထားပါသည်။ ဒါ့အပြင် စစ်ကောင်စီ၏ တပ်ချုပ်သစ် ရဲဝင်းဦးက နယ်ပယ်အသီးသီးမှ သတင်းတု၊ သတင်းမှားများကို ဖတ်မိပြီး စိတ်အလိုလိုက်ကာ လမ်းမှားရောက်နေကြသည်ဟု ဆိုကာ လူငယ်များကို အပြစ်ပုံချသွားသည့် ဖြစ်စဉ်ကိုလည်း တင်ဆက်ပေးထားပါတယ်။ မင်းအောင်လှိုင်က လူငယ်များ စာမတတ်၊ ပညာမတတ်သဖြင့် အကြမ်းဖက်မှုများ ကျူးလွန်နေကြသည်ဟု အညာဒေသခံများကို စွပ်စွဲခဲ့သည့်အပြင်၊ လူငယ်များ ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်နေခြင်းသည် နိုင်ငံတော်အတွက် နစ်နာလှသည်ဟု မျက်နှာပြောင်တိုက် ပြောဆိုခဲ့မှုများကို ပညာပေးထားပါသည်။ အထူးအစီအစဉ်အနေဖြင့် မနေ့က ဗန်းမော်-ရွှေကူ မြစ်ကြောင်းအတိုင်း တက်လာသည့် စစ်ကောင်စီ စစ်ရေယာဉ်များ အပစ်ခခံရပြီး စစ်သားများ အလင်းဝင် လက်နက်ချသည့် သတင်းအတည်ပြုချက်ကို စစ်တပ်လော်ဘီ ကျော်စိုးဦးက "မဟုတ်ပါဘူး၊ အသင်းအမှားပါ" ဟုဆိုကာ အရူးလို ဇွတ်ငြင်းဆန်နေသည့် ဗီဒီယိုဖိုင်ကို Meme များ၊ ဟာသ ပြက်လုံးများနှင့်အတူ မြှောကျသရော်ကာ ရယ်စရာ တင်ဆက်ပေးထားပါသည်။ ဗီဒီယိုကို ကြည့်ရှုပြီး ဒီနေ့ သတင်းများနှင့် ကျော်စိုးဦး၏ ဟာသ ငြင်းချက်များအပေါ် ခင်ဗျားတို့၏ အမြင်များကို Comment မှာ ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ကြပါဦး။ မင်းအောင်လှိုင် ညောင်တုန်းတာ, Yar Zar Activist, Yar Zar Reaction, ညောင်တုန်းကျွန်းတာ ပြိုကျမှု, ငဝန်မြစ်ရေကာတာ, တပ်ချုပ်သစ် ရဲဝင်းဦး, မင်းအောင်လှိုင် အညာဒေသစွပ်စွဲချက်, စစ်တပ်လော်ဘီ ကျော်စိုးဦး, ကျော်စိုးဦး Meme, ရွှေကူ စစ်ရေယာဉ် အလင်းဝင်မှု, Myanmar News Reaction, Straight Talk Myanmar, ရာဇာ Activist, နွေဦးတော်လှန်ရေး #YarZarActivist #MinAungHlaing #KyawSoeOo #Shwegu #MyanmarNews #UnfilteredReaction #FunnyMemeReaction