နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၁၃ ရက်
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
0:00 / 0:00
နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၁၃ ရက်
2 410 просмотров · 2 дня назад
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
12,8 тыс. подписчиков
2 410 просмотров · 2 дня назад
အန္တရာယ်ဖြစ်စေသည့် ဝေခွဲမရဖြစ်မှု
https://myanmar-odb.org/2026/09/13/de...
ယနေ့ဖတ်ရန်ကျမ်းချက်
သုတ္တံကျမ်း ၁၆:၂၀-၂၅
https://odb-ministries.org/bible/mm/r...
/ myanmar.odb / ourdailybreadmyanmar
ထင်ဟပ်ဖော်ပြချက်
အန္တရာယ်ဖြစ်စေသည့် ဝေခွဲမရဖြစ်မှု
သုတ္တံကျမ်း ၁၆ တွင် ကျွန်ုပ်တို့သည် အမှုခပ်သိမ်း၌ ဘုရားသခင်အပေါ်တွင် မှီခိုရခြင်းအကြောင်းကို အလေးပေးဖော်ပြထားသည် (း၁-၃၊ ၁၀၊ ၁၁၊ ၃၃)။ အခန်းငယ် ၂၀-၂၅ တွင် ကြားနာခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ပညာရှိစွာအမြော်အမြင်နှင့် ဆောင်ရွက်ရန် အဓိကဖော်ပြထားသည်။ ထိုအရာနှစ်ပါးတို့သည် အထူးသဖြင့် နီးစပ် ဆက်နွယ်နေပါသည်။ အခန်းငယ် ၂၀ တွင် “ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည်။ ထာဝရ ဘုရားကို ခိုလှုံသောသူတို့သည်လည်း မင်္ဂလာရှိ၏”ဟု အကျယ်တဝင့် ဆိုထားသည်။ ဆိုလိုရင်းမှာ နှိမ့်ချစွာအသက်ရှင်ပြီး၊ ဘုရားသခင်အပေါ် မှီခိုအားထားကာ ယုံကြည်ကိုးစားသူသည် အခြားသူများထံမှ ပညာရှိသော ညွှန်ကြားချက်ကို နားထောင်ခံယူနိုင်သောသူပင်ဖြစ်သည်။ သမ္မာတရားကိုအလင်းပေးမည့် ဘုရားသခင်၏ ဥာဏ်ပညာအပေါ်တွင် အမှီပြုခြင်းက ပညာအတတ်ကို တိုးပွားစေမည့် လိမ္မာသောစိတ်သဘောနှင့် ပိုင်းခြားနိုင်စွမ်း၊ ချိုသောစကားကို ပြောတတ်သောနှုတ်သတ္တိရှိအောင် ၎င်းတို့ကို ပံ့ပိုးမွမ်းမံပြင်ဆင်ပေးပါသည်(း၂၁)။ ဘုရားသခင်နှင့် အခြားသူများထံမှ နှိမ့်ချစွာ သင်ယူသောသူသည် ဘုရားသခင်၏ ဥာဏ်ပညာတော်မှ စီးဆင်းသော(း၂၃)၊ အနာကို သက်သာပြီး ကျန်းမာစေသော စကားများကို ပြောတတ်ပေသည် (း၂၄)။
စာရေးသူ ဝင်းကော်လီယာ