ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ချိန်ရွယ်ခဲ့သူ တဦးရဲ့ ဘဝနိဂုံး | TBR DOCUMENTARY
The Book Reader
0:00 / 0:00
ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ချိန်ရွယ်ခဲ့သူ တဦးရဲ့ ဘဝနိဂုံး | TBR DOCUMENTARY
369 620 просмотров · 1 месяц назад
The Book Reader
391 тыс. подписчиков
369 620 просмотров · 1 месяц назад
တသက်လုံး စိမ်းခဲ့သူရဲ့ မနီချင်တဲ့ နေဝင်ချိန် - ဓနုဖြူဖြစ်စဉ်မှ ဗိုလ်ကြီးမြင့်ဦးရဲ့ ဘဝဇာတ်သိမ်း (Documentary)
၁၉၈၉ ခုနှစ် ဓနုဖြူမြို့မဈေးထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ချိန်ရွယ်ပြီး ပစ်မိန့်ပေးဖို့ ကြိုးစားခဲ့သူ ခြေမြန်တပ်ရင်း ခမရ (၁၀၈) က ဗိုလ်ကြီးဟောင်း မြင့်ဦး...
စစ်အာဏာရှင်စနစ်နဲ့ အစိမ်းရောင်အလံတော်အောက်မှာ တသက်လုံး သစ္စာစောင့်သိခဲ့သူ၊ စစ်မြေပြင်မှာ ခန္ဓာကိုယ် အစိတ်အပိုင်း ပေးဆပ်ခဲ့ဖူးသူ စစ်တပ်အရာရှိဟောင်း တဦးဟာ ဘဝရဲ့ နောက်ဆုံး နေဝင်ချိန်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်းမှာတော့ သူအသက်ပေး ကာကွယ်ခဲ့တဲ့ စစ်ဆေးရုံကြီးရဲ့ တံခါးဝကနေ ရက်ရက်စက်စက် မောင်းထုတ်ခံခဲ့ရပါတယ်။
"တသက်လုံး စိမ်းလာပြီး ကြွေခါနီးမှတော့ မနီချင်ဘူး..." ဆိုတဲ့ စာသားနဲ့အတူ အောက်ဆီဂျင်မဲ့စွာနဲ့ ကူကယ်ရာမဲ့ ဘဝဇာတ်သိမ်းခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း မြင့်ဦးရဲ့ သမိုင်းဝင် ဖြစ်စဉ်၊ CNN အင်တာဗျူးပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေ၊ ဗိုလ်မှူး တင်ဖေအေးရဲ့ စစ်ခုံရုံး ထွက်ဆိုချက်တွေနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်လှတဲ့ အသုံးချခံ သဘာဝကို မိမိတတ်နိုင်သလောက် တင်ဆက်ထားတဲ့ ရုပ်သံဖြစ်ပါတယ်။
📌 ရုပ်သံ အခန်းစဉ်များ (Timestamps):
00:00 - အခန်း (၁) - ရန်ကုန်မြို့ရဲ့ ၂၀၂၁ ဇူလိုင်လဆိုးနဲ့ ရင်ဖွင့်သံတခု
01:43 - အခန်း (၂) - ဗိုလ်ကြီးမြင့်ဦး ကိုယ်ရေးအကျဥ်းနှင့် ၁၉၈၉ ဧပြီလရဲ့ ဓနုဖြူ မြို့မဈေး သမိုင်းဝင် အဖြစ်အပျက်
06:10 - အခန်း (၃) - စစ်မြေပြင်က ဒဏ်ရာနှင့် အမှန်တရား၏ ရိုက်ခတ်မှုများ
07:40 - အခန်း (၄) - ၂၀၂၁ အာဏာသိမ်းမှုနဲ့ မျှော်လင့်ထားတဲ့ အကာအကွယ်
08:50 - အခန်း (၅) - တံခါးပိတ်ခံလိုက်ရတဲ့ တပ်မတော် ဆေးရုံကြီး
10:55 - အခန်း (၆) - ဇနီးဖြစ်သူရဲ့ သေဆုံးမှုနဲ့ ကူကယ်ရာမဲ့ နေဝင်ချိန်
11:54 - အခန်း (၇) - အာဏာရှင် ယန္တရားရဲ့ အသုံးချခံ သားကောင်များ
12:45 - အခန်း (၈) - စစ်တပ်အရာရှိတွေအတွက် သံဝေဂယူဖွယ်ရာ နေဝင်ချိန်
13:35 - အခန်း (၉) - ၁၅၀,၀၀၀ စစ်သည်များနှင့် ၁၀၀ သော ဗိုလ်ချုပ်ကြီးများ၏ ကွာဟချက်
ယနေ TBR Documentary ကို ကြိုက်နှစ်သက်ရင် Like & Share လေး လုပ်ပေးကြပါဦး။ နောက်ထပ် စိတ်ဝင်စားဖွယ် သမိုင်းနဲ့ နိုင်ငံရေးဆိုင်ရာ မှတ်တမ်းတင် ရုပ်သံတွေကို မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ Channel ကိုလည်း Subscribe လုပ်ထားပေးကြဖို့ တောင်းဆိုပါရစေ။
_____________________
Disclaimer (အသိပေးရှင်းလင်းချက်)
ဤမှတ်တမ်းတင် ရုပ်သံ (Documentary) သည် သမိုင်းဆိုင်ရာ အဖြစ်အပျက်များကို လေ့လာဆန်းစစ်ရန်နှင့် အများပြည်သူ ဗဟုသုတအလို့ငှာ တင်ဆက်ထားခြင်း ဖြစ်ပါသည်။ ရုပ်သံတွင် ပါဝင်သော အချက်အလက်များကို သမိုင်းဝင် သတင်းမှတ်တမ်းများ၊ သတင်းမီဒီယာ အင်တာဗျူးများ၊ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များနှင့် ကာယကံရှင်၏ လူမှုကွန်ရက်ပေါ်မှ ရေးသားချက်များအပေါ် အခြေခံ၍ ပြုစုထားခြင်း ဖြစ်သည်။
References (ကိုးကားချက်များ)
၁။ ၁၉၈၉ ဓနုဖြူဖြစ်စဉ်နှင့် သမိုင်းဝင် မှတ်တမ်းများ
◼ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ၁၉၈၉ ခုနှစ် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် မော်ကွန်း မှတ်တမ်းများ။
◼ စာရေးသူ အောင်မြင်သူ ရေးသားခဲ့သည့် ဓနုဖြူဖြစ်စဉ်ဆိုင်ရာ ဆောင်းပါးများ။
◼ CNN သတင်းဌာနနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အင်တာဗျူးပါ ဓနုဖြူဖြစ်စဉ်ဆိုင်ရာ ပြောကြားချက်များ။
၂။ ကာယကံရှင်နှင့် သက်ဆိုင်သူများ၏ ထွက်ဆိုချက်များ
◼ ဗိုလ်ကြီးဟောင်း မြင့်ဦး (ခမရ ၁၀၈) ၏ 'အရှေ့တိုင်း ဂျာနယ်' အပါအဝင် သတင်းမီဒီယာအချို့တွင် ဓနုဖြူဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည့် အင်တာဗျူးများ။
◼ မဝတ ဥက္ကဋ္ဌ ဗိုလ်မှူး တင်ဖေအေး၏ စစ်ခုံရုံး စိစစ်မေးမြန်းမှုတွင် ပစ်မိန့်ရုပ်သိမ်းခဲ့ပုံနှင့် ပတ်သက်၍ ထွက်ဆိုခဲ့သည့် စစ်ဘက်ဆိုင်ရာ ထွက်ဆိုချက် မှတ်တမ်းများ။
◼ ဗိုလ်ကြီးဟောင်း မြင့်ဦး၏ Facebook အကောင့် "စစ်ဗိုလ်(captain) လေး" မှ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ရေးသားခဲ့သည့် နောက်ဆုံး စာစုများနှင့် သတင်းမီဒီယာများ၏ စခရင်ရှော့ (Screenshot) အထောက်အထားများ။
၃။ ၂၀၂၁ ခုနှစ် ဖြစ်စဉ်ဆိုင်ရာ သတင်းမှတ်တမ်းများ
◼ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ တတိယလှိုင်းနှင့် ကျန်းမာရေးစနစ် ပြိုလဲမှုဆိုင်ရာ ပြည်တွင်းပြည်ပ သတင်းဂျာနယ်များ၏ ဖော်ပြချက်များ။
မင်္ဂလာဒုံ တပ်မတော် ကုတင် ၁,၀၀၀ ဆေးရုံကြီးနှင့် စစ်ဆေးရုံများ၏ စစ်မှုထမ်းဟောင်းများအပေါ် လက်ခံကုသပေးမှု ဆိုင်ရာ ဗိုလ်ကြီးမြင့်ဦး ရင်ဖွင့်ခဲ့သည့် ဖြစ်ရပ်။
#ရှစ်လေးလုံး
#MyanmarDocumentary #Danubyu1989 #AungSanSuuKyi #MyanmarHistory #Documentary #ဓနုဖြူဖြစ်စဉ် #ဗိုလ်ကြီးမြင့်ဦး #မြန်မာ့သမိုင်း