ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး | The Irrawaddy
The Irrawaddy News
0:00 / 0:00
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး | The Irrawaddy
28 705 просмотров · 1 день назад
The Irrawaddy News
1,61 млн подписчиков
28 705 просмотров · 1 день назад
အာဏာသိမ်း စစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို အစွမ်းကုန် ဖျောက်ဖျက်ဖို့ ကြိုးပမ်းနေကြပေမဲ့လည်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ ပြည်သူတွေရဲ့ နှလုံးသားထဲကနေ ဘယ်တော့မှ ပျောက်ကွယ်သွားမယ့် ပုံရိပ်မဟုတ်သလို၊ ဒီကနေ့အထိ ပြည်သူတွေ အားထားရဆဲ ခေါင်းဆောင်တဦးအဖြစ် ဆက်လက်ရှိနေတယ်လို့ ဒေါ်မွန်မွန်မြတ် က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဖယပ်တက္ကသိုလ်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ သင်ကြားရေး ကထိက တဦးဖြစ်တဲ့ ဒေါ်မွန်မွန်မြတ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်သစ် မိတ်ဆက်ပွဲမှာ အခုလို သုံးသပ်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဖယပ်တက္ကသိုလ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ "Aung San Suu Kyi: The Realities of Power in Burma’s Authoritarian Legacy" ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်နဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေကို အဓိကထား ဆွေးနွေးသွားခဲ့ကြတာပါ။
စာရေးသူ ဒေါ်မွန်မွန်မြတ်ဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတဝန်း လူထုတွေ့ဆုံပွဲတွေကို ကိုယ်တိုင် လိုက်ပါလေ့လာခဲ့သူဖြစ်သလို၊ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ "A Long Way Panlong" ဆိုတဲ့ နိုင်ငံရေးခရီးစဉ် မှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ် ဒဿနအခြေခံတွေကို နှစ်ပေါင်းများစွာ ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ လေ့လာသုတေသနပြုပြီး ဒီစာအုပ်ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်မွန်မွန်မြတ်ကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်တွေ ပေါ်ပေါက်လာပြီး ပြည်တွင်းစစ်မီး တောက်လောင်နေရတဲ့ ဒီကနေ့ အခြေအနေတွေကြားမှာတောင်မှ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်နဲ့ နိုင်ငံရေးအတွေးအခေါ်ဟာ အရေးပါနေဆဲ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ဒီကနေ့ခေတ် လူငယ်တွေကြားမှာ မတရားမှုကို ငြိမ်မခံဘဲ အာဏာရှင်စနစ်ကို ရရာနည်းနဲ့ တွန်းလှန် တုံ့ပြန်နေကြတာဟာလည်း ဒေါ်အောင်ဆန်းစုကြည် လမ်းပြပေးခဲ့တဲ့ "အကြောက်တရားမှ လွတ်မြောက်ခြင်း" ဆိုတဲ့ စိတ်ဓာတ်အမွေအနှစ်ကို လက်တွေ့ပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #ဒေါ်မွန်မွန်မြတ် #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ / @theirrawaddy_news Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.