ငရဲခန်းကလွတ်လာသူ မဟန်ဟန်
Honest Information
0:00 / 0:00
ငရဲခန်းကလွတ်လာသူ မဟန်ဟန်
136 235 просмотров · 2 года назад
Honest Information
6,13 тыс. подписчиков
136 235 просмотров · 2 года назад
ငရဲခန်းကလွတ်လာသူ မဟန်ဟန်
----------------------------
ရိုက်ကူး - HI
ရုပ်သံဆောင်းပါး (Profile Feature)
အာဏာသိမ်းဖြစ်စဉ်မတိုင်မီကာလက မဟန်ဟန်က သာမာန်အရပ်သားပြည်သူတစ်ယောက်ပါ။ ခရီးသွားလုပ်ငန်း နဲ့စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး စီးပွါးရေးကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သူတစ်ယောက်ပါ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ဘေးရှောင်တွေနဲ့ ကိုဗစ်ရောဂါအတွက်ဆေးဝါးတွေကို လိုအပ်နေတဲ့နေရာတွေ ဆီချိတ်ဆက် လှူဒါန်းမှုတွေ ပုံမှန်ပြုလုပ်နေခဲ့ပါတယ်။
ဒီလိုပြုလုပ်နေရင်း တစ်ရက်မှာတော့ စစ်တပ်က အိမ်ကိုဝင်ရောက်ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးစခန်းကို ရောက် ရှိခဲ့ပါတယ် ။ မဟန်ဟန် စစ်ကြောရေးထဲမှာ အကြောက်တရားနဲ့ စိတ်မလုံခြုံမှုတွေကိုခံစားခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။
စစ်ဆေးနေစဉ်ကာလအတွင်း မသေထမင်း မသေဟင်းကိုသာစားသောက်ခဲ့ရပြီးနေ့စဉ်နဲ့အမျှ ငရဲခန်းကာလကို ဖြတ်သန်းခဲ့ရတယ်လို့ မဟန်ဟန်ကပြောပါတယ်။ စစ်ကြောရေးစခန်းကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့တဲ့ အချိန်မှာတော့ အစာအိမ်ရောဂါကြောင့် ထောင်ဆေးရုံ မှာဆေးကုသမှုခံယူခဲ့ရပါတယ်။
သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မ၅၀၅(က)ကနေ အမှုရင်ဆိုင်လွတ်မြောက်ခဲ့ပေမယ့် ထောင်ကထွက်ပြီးနောက်မှာပဲ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ မဟန်ဟန်ကို စစ်တပ်က တရားစွဲဆိုခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ပြည်တွင်းမှာ ဆက်ပြီးနေလို့မရတော့တာကြောင့် အပြီးတိုင်ထွက်ပြေးရပါတော့တယ်။
စစ်တပ်ရဲ့ အကြမ်းဖက်ဖမ်းဆီး နှိပ်စက်မှုဒဏ်တွေကနေ အသက်ဘေးလွတ်အောင်ပြေးကြရသူတွေဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ အများစုရှိကြပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးသမားတွေ၊ အာဏာဖီဆန်တဲ့ CDM ဝန်ထမ်းတွေနဲ့ စစ်အာဏာရှင်ကို တော်လှန်သူ ပြည်သူတွေ၊ မီဒီယာသမားတွေပါဝင်ပါတယ်။
အများစုကတော့ ဒီနေရာမှာနေပြီး စစ်အာဏာရှင်ကို အံတုရင်ဆိုင်ကြပေမယ့် တကယ်တမ်းမှာ အလုပ်အကိုင်ရရှိ ဖို့ ရှားပါးပြီး စားဝတ်နေရေးတွေ မပြေလည်ကြပါဘူး။ မဟန်ဟန်ကတော့ ကိုယ်အခုရောက်လာတဲ့ နေရာမှာ ရှင်သန်ရပ်တည်ဖို့ ဘဝကို အရင်ဘဝကနေ အစကပြန်စပြီး ရရာအလုပ်ကိုလုပ်ကိုင်ရတော့ပါတယ်။
မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတစ်ကျောင်းမှာ အနုပညာဆရာမအဖြစ် အလုပ်လေး တစ် နေရာ သူရခဲ့ပါတယ်။ တစ်ဘက်ကလည်းတော်လှန်ရေးအတွက် ထောက်ပံ့ပေးနိုင်တဲ့ဘက်က ထောက်ပံ့မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။
မတရားသဖြင့်အာဏာသိမ်းမှုကိုလက်မခံဘဲ ခံပြင်းလွန်းတဲ့အတွက် အဖမ်းခံရမှာကို ကြိုတင်တွက်ဆထားပေး မယ့် နိုင်ရာဝန်ကိုဝင်ထမ်းဖြစ်ခဲ့တာလို့ဆိုပါတယ်။
အာဏာရှင်စစ်တပ်ရဲ့ ငရဲခန်းလို့ခေါ်တဲ့ စစ်ကြောရေး၊ ထောင်တန်းတွေကို ဖြတ်ကျော်လာတဲ့ မဟန်ဟန်ကတော့ မတရားမှုကြောင့် ဖမ်းဆီးခံထားရတဲ့အမျိုးသမီးတွေအပါအဝင် ပြည်သူတွေကို မိမိရဲ့ယုံကြည်ချက်အတွက် အားမလျှော့ကြဖို့ ပြောပါတယ်။
#တော်လှန်ရေး #WomenPower #honestinformation