Перейти к содержимому

The Village bad guys (ရွာလူမိုက်များ) စ - ဆုံး

Spring

0:00 / 0:00

The Village bad guys (ရွာလူမိုက်များ) စ - ဆုံး

12 674 просмотра · 1 г. назад
Spring
31,1 тыс. подписчиков
12 674 просмотра · 1 г. назад
The Village bad guys (ရွာလူမိုက်များ) စ - ဆုံး ၁၉၈၀၊ နိုဝင်ဘာလ(၁၀) ၊မြန်မာပြက္ခဒိန်အရ တန်ဆောင်မုန်းလဆန်း(၃)ရက် တနလာ်နေ့။ ညဉ့်သန်းခေါင်ယံ လူ‌ခြေတိတ်ချိန်။ လှည်းကူးရွာ တောင်ပိုင်းရှိ ဒေါ်အေးခင် နေအိမ်ခြံဝန်းထဲကို လူငယ်သုံးဦးတိတ်တဆိတ်ဝင်ရောက်လာကြသည်။ ထိုလူငယ်သုံးဦးက ခြံထဲကိုရောက်လျှင်ရောက်ခြင်း အိမ်နောက်ဖေးဘက်ကို ကုန်းကုန်းကွကွနဲ့ ခြေသံလုံလုံလျှောက်သွား၏။ လူငယ်သုံးဦးထဲမှတစ်ဦးက "ဟေး..မြန်မြန်လုပ်ကွ။ အဘွားကြီးနိုးသွားလို့ ကြက်ခိုးတာမိရင် ငါတို့သေမှာ" "မင်းစောက်ပါးစပ်ကိုပိတ်ထားစမ်းပါ။ဒါနဲ့ပဲ သိတော့မယ်" တစ်ဦးကဟန့်၏။ နောက်တစ်ဦးက အိပ်တန်းတက်နေသော ကြက်တစ်ကောင်ကို ဗိုက်ကနေအသာပွေ့ပြီး ဖမ်း၏။ "ဟိတ်ကောင်တွေ ရပြီကွ။ သွားကြမယ်" "အေး..မြန်မြန်..မြန်မြန်" လူငယ်သုံးဦးက ကြက်တစ်ကောင်ကိုပွေ့ပိုက်ပြီး ခြံထဲကနေခပ်သုတ်သုတ်ထွက်သွားသည်။ _____ မနက်နေလင်းသည်ဖြင့် ရွာလယ်ပိုင်း ဒေါ်လှနု အိမ်ကို ဒေါ်အေးခင် ထဘီခပ်တိုတိုဝတ်ပြီးဒေါသတကြီး ရောက်လာသည်။ "ဟဲ့..လှနု။ ထွက်ခဲ့စမ်း..အခုထွက်ခဲ့စမ်း" ဒေါ်အေးခင်က ခြံရှေ့ကနေအသံကျယ်ကြီးနဲ့အော်သည်။ မကြာမီ အိမ်ထဲကနေ ဒေါ်လှနုထွက်လာသည်။ "အေးခင်ပါလား။ ဒေါသတကြီးနဲ့ ဘာများဖြစ်လို့လဲ။ မထိတ်သာမလန့်သာရှိလိုက်တာဟယ်" "ဟဲ့..‌လှနု..ညည်းသားဘယ်မလဲ" #audiobook #spring #လူမိုက် #fighter #guys