ဗုံလုံသီးအစာသွပ်
Cook for K1
0:00 / 0:00
ဗုံလုံသီးအစာသွပ်
25 813 просмотров · 3 года назад
Cook for K1
462 тыс. подписчиков
25 813 просмотров · 3 года назад
ကျွန်တော် ဒီနေ့မှာ ဗုံလုံသီးအစာသွပ်မှာဖြစ်ပါတယ်။ မိမိနှစ်သက်တဲ့ အသား သို့ ပုစွန်ကို အသုံးပြုလို့ရပါတယ်။
အစာသွပ်တဲ့အခါ အစာတွေ မထွက်စေဖို့ ၂ လက်မ အရွယ်လေးတွေ လှီးဖြတ်ထားပေးပါမယ်။ ဗုံလုံသီးထဲက အစေ့ထွေ မထုတ်ခင်မှာ ရေအရင်ဆုံးသေချာဆေးပေးပါ။ အထဲက အစေ့တွေကို ဓား သို့မဟုတ် ဇွန်းနဲ့ ထုတ်ပေးပါ။ ထုတ်ပြီးရင် ရေထပ်မဆေးတော့ပါဘူးခင်ဗျာ။
မိမိနစ်သက်ရာ အသား ၃၀ သားအတွက် ကြက်သွန်နီ ၂ လုံးကိုနုတ်နုတ်စဥ်းထားပေးပါမယ်။
ကြက်သွန်ဖြူနဲ့နီ နဲ့ ငရုတ်သီးအရောင်တင်မှုန့်ကို ထည့်ပြီးထောင်းထားပေးပါ။ ပိုမွှေးစေဖို့အတွက် ကြက်သွန်ဖြူကို ပိုထည့်ပြီး ထောင်းပေးပါ။
နုတ်နုတ်စဥ်းထားတဲ့ကြက်သွန်နီတွေကို ကြိတ်ထားတဲ့အသားထဲထည့်ပါ။ ဝက်သားဆိုရင် အဆီ ၂၀ ရာခိုင်နှုန်း အသား ၈၀ ရာခိုင်နှုန်းဆိုပိုကောင်းပါတယ်။ ကော်မှုန့် စာပွဲတင်ဇွန်း ၁ ဇွန်း။ အရသာအတွက် ဆား အနည်းငယ်။ ငရုတ်ကောင်းမှုန့်။ ပုစွန်ခြောက်မှုန့် ၁ ဇွန်းထည့်ပါ။ အားလုံးကို နှံ့အောင်နယ်ပြီးရင် နာရီဝက်လောက်နှပ်ထားပါ။
ဗုံလုံးသီးထဲကို အသားတွေကို သွပ်ပေးပါ။
ဒယ်အိုးထဲဆီထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးအရောင်မှုန့်ကို ထည့်ပြီးမွှေးလာတဲ့အထိ ဆီသတ်ပါ.
မွှေးလာပြီဆိုရင် အစာသွပ်ထားတဲ့ ဗုံလုံသီးတွေကို ထောင်ပြီးထည့်ပါ။ ဟိုဖက် ဒီဖက် ကျက်သွားပြီဆိုမှ လှဲလိုက်ပြီး ရေထည့်ပါ။ ဗုံလုံသီးမြှုပ်တဲ့အထိထည့်ပေးပါ။ အရသာအတွက် ဆားနဲ့ အရသာမှုန့် အနည်းငယ်ထည့်ပါ။ ဗုံလုံသီးက ချိုတဲ့အတွက် အချိုအရသာ လျော့ထည့်ပေးပါ။ မီးအေးအေးနဲ့ အသားတွေနူးတဲ့အထိ သည်ပြီးရင် မီးအားပြင်းလိုက်ပြီး ဆီကျန်ရေကျန် အနေအထားရပြီဆိုရင် အရသာရှိတဲ့ ဗုံလုံသီးအစာသွပ်ဟင်းလေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။