ဆိုင်အရသာအတိုင်းကောင်းတဲ့ ရွှေရင်အေးလုပ်နည်း | Shwe Yin Aye
Ketchup with Emily (အမ်မလီ)
0:00 / 0:00
ဆိုင်အရသာအတိုင်းကောင်းတဲ့ ရွှေရင်အေးလုပ်နည်း | Shwe Yin Aye
691 просмотр · 4 месяца назад
Ketchup with Emily (အမ်မလီ)
4,66 тыс. подписчиков
691 просмотр · 4 месяца назад
မနက်ဖြန်သင်္ကြန်ကျပြီဆိုတော့ ခါတော်မှီ ရွှေရင်အေးလေးလုပ်စားလို့ရအောင် လုပ်နည်းလေးလာတင်ပေးတာပါရှင် သင်္ကြန်တွင်းဆို ရွှေရင်အေးလေးကလဲ မပါမဖြစ်ပဲနော် စတုဒီသာကျွေးတဲ့အချိန်လဲပါတယ် အိမ်မှာမိသားစုတွေသူငယ်ချင်းတွေစုပြီးလဲ လုပ်စားကြတာဆိုတော့လေ
Em တို့ငယ်ငယ်ကဆိုရင် သကြန်ဆို အမျိုးတွေအကုန်စုပြီး မုန့်တွေတစ်မျိုးပြီးတစ်မျိုးလုပ်စားကြတာ ညီအမဝမ်းကွဲတွေနဲ့ ပျော်တာဆိုတာလေ လွမ်းစရာအချိန်လေးတွေပေါ့နော်
မုန့်လက်ဆောင်းဖတ်လုပ်နည်းကိုက Em က သပ်သပ်တင်ပေးထားပါတယ် မုန့်လက်ဆောင်းဖတ်နဲ့ ကျောက်ကျောကို တစ်ရက်ကြိုပြီးလုပ်ထားလဲရပါတယ်ရှင် အဲ့တာဆိုအချိန်ကုန်လဲပိုသက်သာပါတယ်နော် ဒီနည်းလေးက ဆိုင်မှာစားရတဲ့အရသာလေးလိုပဲ အရမ်းကောင်းတာမို့ အိမ်မှာလုပ်စားကြည့်ပါဦးရှင်
ပါဝင်ပစ္စည်းများ (၆-၇ ခွက်စာခန့်) –
သာကူ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
ကောက်ညှင်းဆန် - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
ပေါင်မုန့် - ၄ - ၇ ချပ် (ပိုထည့်ချင်ရင်များများပိုလုပ်ပါရှင်)
သကြားရည် -
သကြား - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
ရေ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
အုန်းနို့ရည် -
အုန်းနို့ - ၅၀၀ မီလီ
ရေ - ၂၀၀ မီလီ (အုန်းနို့နည်းတာကြိုက်ရင် ရေပိုထည့်ပါနော်)
ကျောက်ကျောကြိုရန် -
အကြည်အလွှာ -
Agar Agar အမှုန့် - ၈ ဂရမ် (သို့) လက်ဖက်စားဇွန်း ၄ ဇွန်း
သကြား - ထမင်းစားဇွန်း ၄ ဇွန်း (အချိုကြိုက်ရင်ပိုထည့်ပါနော်)
ရေ - ၅၀၀ မီလီ
အုန်းနို့အလွှာ -
Agar Agar အမှုန့် - ၈ ဂရမ် (သို့) လက်ဖက်စားဇွန်း ၄ ဇွန်း
သကြား - ထမင်းစားဇွန်း ၄ ဇွန်း (အချိုကြိုက်ရင်ပိုထည့်ပါနော်)
ဆား - လက်ဖက်စားဇွန်းဝက်
ရေ - ၁၀၀ မီလီ
အုန်းနို့ - ၄၀၀ မီလီ
မုန့်လက်ဆောင်းဖတ် -
Mung Bean Starch – 1 Cup
ဆန်မှုန့်/Rice flour – ½ Cup
ဆား - အနည်းငယ် (မထည့်လဲရပါတယ်)
ဆွမ်းမွှေးရွက် - ၁၀ ရွက်
ရေ - 6 Cups ( ဆွမ်းမွှေကြိတ်ထဲအထဲကို 1 Cup ထည့်ပါနော်)