Перейти к содержимому

လင်ချင်းချောင်း-အချမ်းသာဆုံးမှသည် အဆင်းရဲဆုံးဘဝသို့

Portal 90

0:00 / 0:00

လင်ချင်းချောင်း-အချမ်းသာဆုံးမှသည် အဆင်းရဲဆုံးဘဝသို့

5 909 просмотров · 1 день назад
Portal 90
5,9 тыс. подписчиков
5 909 просмотров · 1 день назад
"အချမ်းသာဆုံးမှသည် အဆင်းရဲဆုံးဘဝသို့" ကိုလိုနီခေတ် မြန်မာ့စီးပွားရေးသမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် လင်ချင်းချောင်း (Lim Chin Tsong) ရဲ့ ဇာတ်လမ်းဟာ အထူးခြားဆုံးနဲ့ သင်ခန်းစာအပေးနိုင်ဆုံး သမိုင်းဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ သူဟာ သာမန်တရုတ်နွယ်ဖွား ကုန်သည်မျိုးဆက်ကနေ ဗြိတိသျှအစိုးရနဲ့ အလုပ်တွဲလုပ်နိုင်ခဲ့တဲ့၊ အရှေ့တောင်အာရှတစ်ခွင် သင်္ဘောလိုင်းများနဲ့ ကွန်ရက်ဖြန့်နိုင်ခဲ့တဲ့ "စီးပွားရေးဧကရာဇ်" တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ဘဝနေဝင်ချိန်ဟာ ခမ်းနားမှုနဲ့ ပြောင်းပြန်အချိုးကျစွာပင် အံ့ဩတုန်လှုပ်ဖွယ်ရာ အဆုံးသတ်ခဲ့ရပါတယ်။ တစ်ချိန်က ကိုလိုနီခေတ် လူကုံထံအသိုင်းအဝိုင်းမှာ ကျင်လည်ခဲ့တဲ့ လင်ချင်းချောင်းဟာ ဘဝနောက်ဆုံးအချိန်တွေမှာ အကြွေးပတ်လည်ဝိုင်းပြီး အိပ်ရာထဲလည်းနေချိန် အသက် (၅၆) နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ လင်ချင်းချောင်းရဲ့ ကျရှုံးမှုကနေ ဒီနေ့ခေတ် စီးပွားရေးသမားတွေ၊ လူငယ်တွေအတွက် မဟာဗျူဟာမြောက် သင်ခန်းစာများစွာပေးနေပါတယ်။ ဒီဗွီဒီယိုမှာတော့ လင်ချင်းချောင်းရဲ့ ဘဝဖြတ်သန်းမှု၊ စီးပွားရေးမှာအောင်မြင်ကျော်ကြားခဲ့မှုနဲ့ ကွယ်လွန်ခဲ့ပြီးနောက် သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံ ဒေဝါလီခံခဲ့ရသည်များကို သမိုင်းမှတ်တမ်းများနဲ့အတူ တင်ဆက်ထားပါတယ်။ #လင်ချင်းချောင်း #ချင်းချောင်းနန်းတော် #ကိုလိုနီခေတ် #LimChinTsong #ChinTsongPalace Chapter: 00:00-ကိုလိုနီခေတ်နှင့်လွတ်လပ်ရေးရပြီးစမြန်မာနိုင်ငံအခြေနေ 03:38-ကိုလိုနီခေတ်-ခေတ်ပြိုင်သူဌေးများ 05:25-ငယ်ဘဝနှင့်ပညာရေး 07:53-စီးပွားရေးလောကသို့ဝင်ရောက်ခြင်းနှင့်အင်ပါယာ၏အထွတ်အထိပ်ကာလ 11:50-ကြွေးမြီများလာခြင်းနှင့်အသုံးစရိတ်များလာမှု 19:35-ကျရှုံးခြင်းနှင့်ဘဝနိဂုံး 22:45-လင်ချင်းချောင်းပေးတဲ့သင်ခန်းစာများ