ခါးနာတာ ဘာကြောင့်လဲ? ဘာတွေသတိထားရမလဲ?
Doctor P Myanmar
0:00 / 0:00
ခါးနာတာ ဘာကြောင့်လဲ? ဘာတွေသတိထားရမလဲ?
12 923 просмотра · 2 года назад
Doctor P Myanmar
50,2 тыс. подписчиков
12 923 просмотра · 2 года назад
ခါးနာတာ ဘာကြောင့်လဲ? ဘာတွေသတိထားရမလဲ?
ကမ္ဘာပေါ်ကလူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဘဝမှာတစ်ခါလောက်တော့အနည်းဆုံးခါးနာဖူးကြပါတယ်။ ခါးနာတာကတစ်ခါဖြစ်ဖူးတယ်ဆိုရင် ပြန်ဖြစ်လွယ်တာမို့လို့ ခါးမနာအောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ခါးနာတာက များသောအားဖြင့် ခါးနားက ကြွက်သားတွေနဲ့ အရွတ်တွေကို အသေးစားထိခိုက်မိတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်တစ်ခါတလေမှာတော့ ခါးနားက ကြောရိုးမနဲ့ အရိုးအဆစ်တွေကို အပြင်းအထန်ထိခိုက်မိလို့လဲ ဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ ရှေ့ကိုခါးကုန်းပြီး တစ်ခုခုလေးတာကို မတဲ့အချိန်မျိုးမှာ အဖြစ်များပါတယ်။
ဒီနေ့မှာတော့ခါးနာတာကို ဖြစ်စေတဲ့အဓိက အကြောင်းအရင်းလေးတွေနဲ့ ခါးမနာအောင်ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့လည်း ခါးနာသက်သာအောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို ရှင်းပြပေးသွားပါမယ်။ ခါးနာတာက များသောအားဖြင့် အသေးစား ကြွက်သားပြဿနာကြောင့်ပဲဆိုပေမယ့် တစ်ချို့တွေမှာတော့ အန္တရယ်ရှိတဲ့ ရောဂါလက္ခဏာအခံတစ်ခုခုနဲ့ တွဲနေတတ်ပါတယ်။ ဒီရောဂါတွေကို video ရဲ့နောက်ဆုံး နားမှာ ပြောပြပေးသွားမှာမို့ ဒီ video လေးကို အဆုံးထိကြည့်သွားပါဦးနော်။
ပထမဆုံး ခါးနာစေတဲ့အဓိက အကြောင်းအရင်းလေးတွေနဲ့ ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာနဲ့ စလိုက်ရအောင်။ ခါးနာစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် ကိုယ်နေဟန်ထားမမှန်တာ၊ လေ့ကျင့်ခန်းပုံမှန်မလုပ်တာနဲ့ ခါးက ကြွက်သားတွေကို ဒဏ်ဖြစ်စေတာတွေက အဓိက အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ဖို့ဆိုရင် ကိုယ်နေဟန်ထားမှန်အောင်ဂရုစိုက်ရမယ်။ တက်တက်ကြွကြွနဲ့ လေ့ကျင့်ခန်းလုပ်ဖို့လည်းလိုပါတယ်။
#DoctorPMyanmar #ခါးနာ #myanmar
Doctor P + Healthy Clicks Telegram channel - https://t.me/healthyclickers
Doctor P Facebook Page - https://www.facebook.com/profile.php?...
For business purpose, please contact - healthzone2222@gmail.com
Disclaimer - This video is for entertainment purpose only. For your specefic health issue, please contact with your GP or healthcare provider.