ပြီးခဲ့တာတွေကို လက်ခံလိုက်ပါ #justalittleforyou#innerpeace #mindset #moving forward
JUST ALITTLE FOR YOU
0:00 / 0:00
ပြီးခဲ့တာတွေကို လက်ခံလိုက်ပါ #justalittleforyou#innerpeace #mindset #moving forward
25 просмотров · 2 недели назад
JUST ALITTLE FOR YOU
298 подписчиков
25 просмотров · 2 недели назад
တစ်ခါတလေမှာ ကိုယ်တို့ဟာ
ပြီးခဲ့တဲ့အရာတွေကို
စိတ်ထဲမှာ အကြိမ်ကြိမ်ပြန်တွေးနေမိတတ်ပါတယ်...
“အဲ့ဒီအချိန်တုန်းက ဒီလိုမလုပ်ခဲ့ရင်…”
“ဒီစကားကို မပြောခဲ့ရင်…”
“အဲ့ဒီအရာက မဖြစ်ခဲ့ရင်…” ဆိုပြီး ဖြစ်ပြီးသားအရာတွေကို ပြန်ပြောင်းလဲချင်နေမိတတ်ပါတယ်...
ဒါပေမယ့် အတိတ်ဆိုတာ ပြန်သွားပြီး
ပြင်ဆင်လို့မရတော့တဲ့ အချိန်တစ်ခုပါ...
ကိုယ်လုပ်ခဲ့တဲ့အရာတွေ ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေကို ပြန်ဖျက်လို့မရပေမယ့် အဲ့ဒီအရာတွေကို ဘယ်လိုနားလည်မလဲ၊ ဘယ်လိုလက်ခံမလဲ ဒီနေ့ကစပြီး ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်...
လက်ခံလိုက်တယ်ဆိုတာ ဖြစ်ခဲ့တာတွေကို ကောင်းတယ်လို့ သဘောတူလိုက်တာ မဟုတ်ပါဘူး..
နာကျင်ခဲ့တာတွေကို မခံစားတော့ဘူးလို့ ဟန်ဆောင်တာလည်း မဟုတ်ပါဘူး...
ဖြစ်ခဲ့တာတွေကို ပြန်ပြောင်းလဲလို့မရတော့ကြောင်း နားလည်ပြီး ကိုယ့်စိတ်ကို အတိတ်ထဲမှာပဲ
ပိတ်မထားတော့ခြင်းပါ...
အတိတ်ကနေ သင်ခန်းစာယူလို့ရပါတယ်..
ကိုယ့်အမှားတွေကို ပြင်ဆင်လို့ရပါတယ်..
ဒါပေမယ့် ကိုယ့်ဘဝတစ်ခုလုံးကို ပြီးခဲ့တဲ့အရာတွေနဲ့ပဲ သတ်မှတ်ထားဖို့ မလိုပါဘူး...
ဒီနေ့ စာပိုဒ်လေးမှာတော့ ပြီးခဲ့တဲ့အရာတွေကို
တဖြည်းဖြည်းလက်ခံတတ်ဖို့ ကိုယ့်ကိုယ်ကို
အပြစ်တင်နေခြင်းကနေ လွတ်မြောက်ဖို့နဲ့
အတိတ်ကို သင်ခန်းစာအဖြစ်ထားပြီး ကိုယ့်ဘဝကို
ရှေ့ဆက်နိုင်ဖို့အတွေးလေးတွေရရှိခံစားစေမှာပါ ...
ြီးခဲ့တာတွေကို ပြန်မပြောင်းနိုင်ပေမယ့်
ဒီနေ့ကစပြီး ကိုယ့်ဘဝကို ဘယ်လိုဆက်လျှောက်မလဲဆိုတာတော့ ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်..
အတိတ်ကို လက်ခံပြီး စိတ်အေးချမ်းစွာ ရှေ့ဆက်နိုင်ကျပါစေရှင် ...
နောက်ထပ်ဖတ်ပြပေးမယ့်စာပိုဒ်လေးတွေမှာ
ပြန်လည်ဆုံတွေ့ကျပါစို့နော်...
Thank you for listening 💛
JUST ALITTLE FOR YOU
#justalittleforyou #youtubegrowth #youtubevideo