Khit Thit Evening News | 1 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 1 October 2026
440 002 просмотра · 2 дня назад
Khit Thit Media
3,29 млн подписчиков
440 002 просмотра · 2 дня назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အဆုံးအထိ လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူးလို့ SCEF က နိုင်ငံတကာကို အသိပေးပြောဆိုလာတဲ့အကြောင်း ဂျပန်နိုင်ငံထုတ် Yomiuri Shimbun သတင်းစာက ဖော်ပြလာပါတယ်။
-ရန်ကုန်မှာ အထက်တန်းစားကွန်ဒိုစီမံကိန်းတွေအဖြစ် ရောင်းချနေတဲ့ The Central၊ Emerald Bay Tower 3 နဲ့ The Park တို့ဟာ ဝယ်ယူသူတွေဆီက ကြိုပွိုင့်စနစ်နဲ့ ငွေကြေးအများအပြား ကောက်ခံ ထားပေမယ့် စာချုပ်ပါသတ်မှတ်ကာလအတွင်း အခန်းတွေ အပ်နှံနိုင်ခြင်းမရှိသေးသလို ဆောက်လုပ် ရေးလုပ်ငန်းတွေလည်း သိသိသာသာ တိုးတက်မှုမရှိတာကြောင့် ဝယ်ယူသူတွေနဲ့ ကုမ္ပဏီတွေကြား ပြဿနာတွေ အကြီးအကျယ် ဖြစ်နေတယ်လို့ ဝယ်ယူသူတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာကြပါတယ်။
ဆိုမာလီယာ ကမ်းလွန်မှာ မြန်မာသင်္ဘောသားတစ်ဦး အပါအဝင် သင်္ဘောသား ၅ ဦးကို ဆိုမာလီယာပင်လယ်ဓားပြတွေက သတ်ဖြတ်လိုက်ကြတယ်လို့ ဆိုမာလီယာအာဏာပိုင်တွေကိုယ်တိုင် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် အီရန်မှာ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ဆေးဝါးရှာဖွေရခက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။