Перейти к содержимому

ရန်ကုန်ကွန်ဒိုပြသာနာက မီးမောင်းထိုးပြနေတဲ့ ဆောက်လုပ်ရေးလောကပြိုလဲမှု | People's Spring

People's Spring

0:00 / 0:00

ရန်ကုန်ကွန်ဒိုပြသာနာက မီးမောင်းထိုးပြနေတဲ့ ဆောက်လုပ်ရေးလောကပြိုလဲမှု | People's Spring

24 317 просмотров · 5 часов назад
People's Spring
704 тыс. подписчиков
24 317 просмотров · 5 часов назад
■ဆောင်းပါး ရန်ကုန်ကွန်ဒိုပြသာနာက မီးမောင်းထိုးပြနေတဲ့ ဆောက်လုပ်ရေးလောကပြိုလဲမှု ဇော်ဝင်း/People's Spring ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။ ဒါကြောင့်လည်း အင်းလျားကန် နဲ့ ကမ္ဘာအေးဘုရာလမ်းသာခြားတဲ့ The Central ကွန်ဒိုမှာ အခန်းတခန်းပိုင်ဆိုင်ဖို့ လွန်ခဲ့တဲ့ ခုနှစ်နှစ်ဝန်းကျင်က သူ ကြိုးပမ်းခဲ့ပါတယ်။ အခုတော့ အထပ်မြင့်တိုက်ခန်း‌ပေါ်ကနေ အင်လျားရေပြင်ကို နေ့တိုင်းကြည့်ခွင့်ရမယ်ဆိုတဲ့ ကိုထွန်းထွန်းရဲ့ အိပ်မက်က တဖြည်းဖြည်းနဲ့ ဝေဝါးလို့လာနေပါပြီ။ The Central ကွန်ဒိုအပါအဝင်ရန်ကုန်မြို့က ကွန်ဒိုတွေမှာကြိုပွိုင့်ဝယ်ယူထားသူတွေဟာ အခန်းဖိုးကျသင့်ငွေတွေကို ပေးသွင်းထားပြီးဖြစ်ပေမယ့် သတ်မှတ်အချိန်ထိ အခန်းတွေ မရသေးတာနဲ့ အဆောက် အဦး‌ကအုတ်မြစ်တောင်မချရသေးတဲ့ ဖြစ်စဉ်တွေဟာ စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး လူသိရှင်ကြားဖြစ်လာခဲ့တာပါ။ အဲဒီထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးအရောင်းဆိုင်ပိုင်ရှင် ကိုထွန်းထွန်း ဝယ်ယူခဲ့တဲ့ The Central ကွန်ဒို၊တာဝါအမှတ် ၃ ရဲ့ ၁၂ လွှာကဒေါ်လာလေးသိန်းတန် အခန်းလည်း ပါနေတာဖြစ်ပါတယ်။ "ဒေါ်လာနှစ်သိန်းကျော်သွင်းပြီးပြီ။တကယ်ဆို မနှစ်ကတည်းကကျန်တဲ့ငွေအပြည့်ပေးပြီး အခန်းကရ ရတော့မှာ။ဒါပေမယ့် ကျွန် တော့်လိုပဲ နစ်နာသူတွေက အရှေ့မှာ တရားစွဲတာတွေလုပ်ပေမယ့် တရားရုံးမှာပဲ အမှုက တစ် တစ် နေတာဘာမှ မထူးဘူး။ ကုမ္ပဏီကို တိုက်ရိုက်သွားမေးတော့လည်းဘယ်နေ့ စဆောက်မလဲတောင် မသိတဲ့အခြေအနေ "လို့ ကိုထွန်းထွန်းကကြုံတွေ့နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။ ●အငြင်းပွားမှုတွေနဲ့ ကြိုပွိုင့်ကွန်ဒိုတွေ ရန်ကင်းမြို့နယ်၊ကမ္ဘာအေးဘုရားလမ်းနဲ့ကန်ဘဲ့လမ်းထောင့်ကThe Central ၊သာကေတမြို့နယ်၊ရှုခင်းသာမြို့ပတ်လမ်းဘေးမှာရှိတဲ့ Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်း နဲ့ အလုံမြို့နယ်က The Park Project ကွန်ဒိုတွေမှာဝယ်သူနဲ့ရောင်းသူကြားပြဿနာတွေက တဖြည်းဖြည်းကြီးထွားလာနေတာ ဖြစ်ပါတယ်။ ဝယ်ယူသူတွေဘက်က ဥပဒေကြောင်းအရ အကာအကွယ်ဖြစ်နိုင်ဖို့ကြိုးစားမှုတစ်ခုဖြစ်တဲ့ သတင်းစာမှာဖော်ပြချက်တွေအရဆိုရင် ၂၀၁၉ ခုနှစ်ကတည်းကြိုတင်ငွေသွင်းပေးချေမှုနဲ့သတ်မှတ်နှုန်းအတိုင်းလစဉ် ငွေပေးနေရပေမယ့် စာချုပ်မှာပါတဲ့သတ်မှတ်ကာလ ကျော်လွန်တဲ့တိုင်အောင် အခန်းမအပ်သေးတာ ဒါမှမဟုတ် မဆောက်သေးဘဲ ပိုက်ဆံတွေဆက်တောင်းနေတာကြောင့်ဖြစ်ပါတယ်။ ကြိုပွိုင့်ဝယ်ယူထားသူအများစုက ကွန်ဒို အခန်းရောင်းဈေးရဲ့၆၀ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ငွေပေး‌ချေထားကြတယ်လို့ ဖော်ပြထားပါတယ်။ "နစ်နာတာကနိုင်ငံခြားသားတွေလည်းပါတယ်။သူတို့ဆိုရင်လည်းတရားစွဲထားတာတွေပါ ရှိတယ်။Central မှာချည်းပဲ ၁၀၀ ကျော် ကျော်လောက်ရှိတာ‌ပေါ့။ဒါပေမယ့် ရှေ့မှာသွင်းထားတဲ့ငွေတွေ ဆုံးမှာဆိုးလို့ ငွေဆက်သွင်းနေတဲ့လူတစ်စုက လည်း သပ်သပ်ရှိနေသေးတယ် "လို့ Central တာဝါ နံပါတ်သုံး ၊ ၁၁ လွှာမှာ တိုက် ခန်းဝယ်ယူ ထားတဲ့ အသက် ၆၀ အရွယ် ဒေါ်နီလာအေးက ‌ပြောပြပါတယ်။ Central ကွန်ဒိုစီမံကိန်းမှာ အနိမ့်ဆုံးဒေါ်လာ နှစ်သိန်းကနေတစ်သန်းကျော်တန်တဲ့ စုစုပေါင်း အခန်း ၁,၂၀၀ နီးပါးပါဝင်ပါတယ်။တာဝါအမှတ် ၁ နဲ့ဆိုင်ခန်းတွေကိုတော့ ၂၀၁၉ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ အခန်း ၄၀၀ ကျော်ကို လွှဲပြောင်းပေးထားပြီး အကောင်အထည်ဖော်ဖို့ကျန်ရှိတဲ့အဆောက်အဦးသုံးလုံးအနက်မှာ တစ်လုံးကရှစ်ထပ်အထိ ရောက်နေပြီး ကျန်နှစ်လုံးက သက်ဆိုင်ရာအာဏာပိုင်တွေရဲ့စိစစ်မှုအပြီးမှာဆောင်ရွက်မယ်လို့ The Central က အောက် တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်တွေက သတ်မှတ်ကာလ အထိအခန်းမရသေးတဲ့ ကြိုပွိုင့်ဝယ်ယူထားသူစုဖွဲ့ပြီး The Central အရောင်းပြခန်းကို သွားရောက်မေးမြန်းပြီးမှ ထုတ်ပြန်လာတာဖြစ်ပါတယ်။ The Park Project နဲ့ Emerald Bay ရဲ့ တာဝါ အမှတ် ၃ က ကွန်ဒိုအခန်းတွေကလည်း ဆောက်လုပ်ခွင့်ပါမစ်မကျသေးဘဲ ဆောက်လုပ်နေပြီဆိုတဲ့ မျှော် လင့်ချက်အမှားတွေနဲ့ ရောင်းသူဘက်က ဆွဲဆောင်ခဲ့တာ လို့ နစ်နာသူတွေက ပြောကြပါတယ်။ ●ကွန်ဒိုတွေရဲ့နောက်ကွယ်မှ ကုမ္ပဏီနဲ့ပိုင်ရှင်တွေ လတ်တလော အငြင်းပွားမှုတွေနဲ့ အခန်းရရှိဖို့ မရေမရာ ဖြစ်နေတဲ့ ကွန်ဒိုတွေကို တည်ဆောက်နေတဲ့ ကုမ္ပဏီတွေရဲ့ နောက်ခံအချက်အလက်တွေအရ Central နဲ့ The Park Project က လုပ်ငန်းစုအတူတူပဲ ဖြစ်ပါတယ်။ လက်ရှိ The Central ကိုတည်ဆောက်နေတဲ့ Marga Groupဟာရွှေတိဂုံဘုရားနားက စစ်ထောက်ချုပ်ရုံးပိုင်မြေနေရာမှာDagon City 1 စီမံကိန်းကိုလုပ်ဖို့၂၀၁၄ခုနှစ်တုန်းကစီစဉ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကMarga Groupနဲ့အတူရွှေတောင်၊ သုခရတနာ နဲ့ Adventure Myanmar စတဲ့ ကုမ္ပဏီတွေက Dagon City 1 စီမံကိန်းလုပ် ကိုင်ခွင့်ရထားတာပါ။ သမိုင်းဝင် အမွေအနှစ်တွေထိခိုက်မှုကြောင့် ပြည်သူတွေနဲ့ သံဃာတော်တွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လို့ စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ရပါတယ်။ ဒါပေမယ့်အစားထိုးမြေနေရာအတွက် ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က (မူလက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပိုင်) မြေနေရာကို ဦးသိန်းစိန်အစိုးရလက်ထက်က ပေးခဲ့တာဖြစ်ပါတယ်။ ပေးခဲ့တဲ့နောက်ကွယ်မှာဟောင်ကောင်အိမ်ခြံမြေကျွမ်းကျင်သူစတီဖင် နဲ့ တရုတ်နိုင်ငံသားဒါရိုက်တာအဖွဲ့ဝင်တချို့ပါတဲ့ Marga Group ကတည်ဆောက်ရေးကိုတာဝန်ယူပြီးမြေနေရာငှားရမ်းမှုကိုသုခရတနာကုမ္ပဏီကတာဝန်ယူခဲ့တာလို့ ကနဦးသတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ သုခရတနာကုမ္ပဏီကိုမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နဲ့ ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်း ပိုင်ဆိုင်ပြီး Flying Tiger Engineeringလုပ်ငန်းခွဲလည်းရှိပါသေးတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA