Khit Thit Evening News | 2 August 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 2 August 2026
326 817 просмотров · 1 месяц назад
Khit Thit Media
3,28 млн подписчиков
326 817 просмотров · 1 месяц назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက် မော်တောင် ရပ်ကွက်မှာ နေထိုင်တဲ့ တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ မိသား စုဝင် ၄ ဦးဟာ ဇူလိုင်လ ၂၂ ရက်နေ့မှာ မန္တလေးမြို့ကနေ ပုပ္ပါးကို ထွက်ခွာသွားပြီးနောက် ဒီနေ့အထိ အဆက်အသွယ် လုံးဝမရဘဲ ပျောက်ဆုံးနေတယ်လို့ သူတို့ရဲ့ မိတ်ဆွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့အခြေစိုက် Sea Empires Shipping Agency ရဲ့ Managing Director ဖြစ်သူ ဦးတင့်အေးကျော်ဟာ သင်္ဘောသား ၁၀၀ ကျော်ထံက စုစုပေါင်း ကျပ်သိန်း ၁၀,၀၀၀ ကျော် လိမ်လည်ရယူပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစ်နာသူ သင်္ဘောသားတွေနဲ့ မြန်မာသင်္ဘောသား အသိုင်းအဝိုင်းဆက သိရပါတယ်။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်မှုထမ်းဆင့်ခေါ်စာ ရရှိပြီးနောက် အဆိုတော် ဆက်နိုင် (ခေါ်) ဉာဏ်မင်းထက် ပျောက်ဆုံးနေ တဲ့အတွက် ဝိုင်းဝန်းကူညီရှာဖွေပေးကြဖို့ သီလရှင်မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာန ကနေတစ်ဆင့် အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံတွေဟာ အီရန်စစ်ပွဲအဆုံးသ တ်ရေး အတွက် သဘောတူညီချက်ရဲ့ အခြေခံမူဘောင်ကို သဘောတူထားကြပြီလို့ ပြောဆိုလိုက်ပြီး အမေရိကန်အနေနဲ့ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုအသစ်တွေကို ယာယီရပ်ဆိုင်းထားမယ်လို့ ဩဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်