Перейти к содержимому

Khit Thit Morning News | 3 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 3 August 2026

307 626 просмотров · 1 месяц назад
Khit Thit Media
3,28 млн подписчиков
307 626 просмотров · 1 месяц назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ဖို့အတွက် ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရတဲ့ဆေးဝါးတွေကို လျှော့ချပြီး ပြည်တွင်းမှာ အများအပြားထုတ် လုပ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ မြန်မာ့ဆေးဝါးလုပ်ငန်း (BPI) ဆီက သိ ရပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာတဲ့ ခရီးသည်တွေ သယ်ဆောင်လာတဲ့ မိုဘိုင်းဖုန်းတွေကို IMEI နံပါတ်နဲ့ ချက်ချင်းမှတ်ပုံတင်ခိုင်းနေပြီး ရက်ပေါင်း ၃၀ အတွင်း အခွန်မဆောင်ဘူးဆိုရင် ဒဏ်ကြေးကောက်ခံတာအပြင် ဖုန်းလိုင်း အသုံးပြုခွင့်ပါ ပိတ်ပင်ခံရနိုင်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့က နာရေးအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းပြီး ရိုက်နှက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ခြေထောက်ကျိုးသွားခဲ့ပြီး ပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမေရိကန်နဲ့ စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အချိန်မှာ အီရန်ခေါင်းဆောင်ပိုင်းက စစ်ရေးရပ်တည်ချက်မှာ ညီညွတ်နေကြပေမယ့် စစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့အပေါ် အုပ်စုနှစ်ဖက်ကြား သဘောထားကွဲလွဲမှုတွေ ပြင်းထန်နေတယ်လို့ APသတင်းဌာနက ဖော်ပြထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။