သင့်အသည်းကို တဖြည်းဖြည်းဖျက်စီးနေတဲ့ အစားအစာ(၈)မျိုး #အသည်းကျန်းမာရေး #liverhealth #healthtips
Health Knowledge (ကျန်းမာရေး ဗဟုသုတ)
0:00 / 0:00
သင့်အသည်းကို တဖြည်းဖြည်းဖျက်စီးနေတဲ့ အစားအစာ(၈)မျိုး #အသည်းကျန်းမာရေး #liverhealth #healthtips
2 986 просмотров · 1 год назад
Health Knowledge (ကျန်းမာရေး ဗဟုသုတ)
31,6 тыс. подписчиков
2 986 просмотров · 1 год назад
မင်္ဂလာပါခင်ဗျာ။ ဒီနေ့ video မှာတော့ ကျွန်တော်တို့ရဲ့ အသည်းကို တဖြည်းဖြည်းချင်း ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဒီအစားအစာတွေထဲမှာတော့ အရက်၊ စပျစ်ခြောက်၊ စည်သွပ်ဗူး၊ အမဲသားလို အနီရောင်အသားတွေနဲ့ တခြားအစားအစာတွေ အများကြီး ပါဝင်နေပါတယ်။ ကိုယ်နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ အသည်းကို ဒုက္ခပေးမယ့် အရာတွေ ပါနေမလားဆိုတာ သိရအောင် ဒီ video ကို အဆုံးထိ ကြည့်လိုက်ကြရအောင်။
အကြံပြုထားသော videoများ
• ဒီအစားအစာ ၆မျိုးက သင့်သွေးလည်ပတ်မှုကို ကော...
• ဆရာဝန်တွေတောင် မပြောပြတဲ့ ဟင်းခတ်အမွှေးအကြ...
• ဂျင်း ကို စားသုံးသူတွေရဲ့ ရရှိစေမဲ့ ကျန်းမ...
• နေ့တိုင်း ဘာကြောင့် သံပုရာရည်သောက်သင့်တ...
• ကြက်သွန်ဖြူကို နေ့တိုင်းစားရင် ဘာတွေဖြစ်လာ...
• ကိုယ်ဝန်ဆောင်မိခင်များ ရင်သွေးငယ်ကျန်းမာနေ...
#အသည်းကျန်းမာရေး #ရှောင်သင့်သောအစားအစာ
#အသည်းအဆီဖုံး #ကျန်းမာရေးဗဟုသုတ #liverhealth
အကြော်အလှော်များ -0:59
အရက် -1:44
အသင့်စားမုန့်ထုပ်-2:47
စပျစ်သီးခြောက် -3:30
အနီရောင်အသား -3:46
fructose (သစ်သီးသကြား)-4:30
fast food -5:18
စည်သွတ်များ-06:00
၁။ အကြော်အလှော်များ (Fried Foods)
ပထမဆုံးတစ်ခုကတော့ ကျွန်တော်တို့ အားလုံးနီးပါး ကြိုက်နှစ်သက်ကြတဲ့ အကြော်အလှော်တွေပါပဲ။ ကျွန်တော်တို့ရဲ့ အသည်းက အာဟာရဓာတ်တွေကို ဖြိုခွဲပေးရတဲ့ အဓိကတာဝန်ကို ယူထားရတာပါ။ ဒါပေမဲ့ အဆီတွေ အရမ်းများလာတဲ့အခါမှာတော့ သူက အလုပ်ကို မနိုင်တော့ပါဘူး။ အကြော်အလှော်တွေနဲ့ တခြားအဆီများတဲ့ အစားအစာတွေက "အသည်းအဆီဖုံးတာ" ကို ဖြစ်စေနိုင်ပါတယ်။ ပိုလျှံနေတဲ့အဆီတွေက အသည်းကို ရောင်ရမ်းစေပြီး အမာရွတ်တွေ ဖြစ်စေနိုင်တယ်။
၂။ အရက် (Alcohol)
ဒါကတော့ အားလုံးသိပြီးသားဖြစ်လောက်တဲ့ အချက်တစ်ခုပါ။ ကျွန်တော်တို့ရဲ့ အသည်းဟာ တစ်နာရီကို ပုံမှန်အရက်တစ်ခွက် (အရက် 10 ကနေ 15 ဂရမ်) ကိုပဲ ချေဖျက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး မကြာခဏသောက်မယ်ဆိုရင်တော့ သင့်အသည်းမှာ အဆီတွေ လာစုနိုင်ခြေ အရမ်းများပါတယ်။ ဒီအခြေအနေကို "အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါ" လို့ ခေါ်ပါတယ်။
၃။ အသင့်စားမုန့်များ (Packaged Snack Foods)
နောက်တစ်ခါ အသင့်ထုပ်ပိုးထားတဲ့ မုန့်တွေ စားချင်စိတ်ပေါ်လာရင် ကျန်းမာရေးနဲ့ညီတဲ့ သရေစာကို ပြောင်းစားလိုက်ပါ။ အာလူးကြော်လို မုန့်တွေ၊ မုန့်ဖုတ်ဖုတ်တွေမှာ ပြဿနာက ဘာလဲဆိုတော့ သကြား၊ ဆားနဲ့ အဆီတွေ အများကြီး ပါနေလို့ပါပဲ။
၄။ စပျစ်ခြောက် (Raisins)
စပျစ်ခြောက်က ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အများကြီးစားရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်မှု ရှိသွားပါတယ်။ သူတို့မှာ သကြား၊ တာရှည်ခံဆေးတွေနဲ့ ကယ်လိုရီတွေ မြင့်မားတဲ့အပြင်၊ သင့်အသည်းရဲ့ အတွင်းသားလွှာကို ရောင်ရမ်းစေနိုင်ပါတယ်။
၅။ အနီရောင်အသား (Red Meat)
အနီရောင်အသားက သင့်အသည်းအတွက် အကျိုးထက် အပြစ်က ပိုများနိုင်ပါတယ်။ အထူးသဖြင့် အသည်းခြောက်တာ၊ အသည်းရောင်အသားဝါလို ပြင်းထန်တဲ့ အသည်းရောဂါ ခံစားနေရသူတွေအတွက် ပိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်အသားမှာ ပါတဲ့ ပြည့်ဝဆီ (saturated fats) နဲ့ တခြားဓာတ်တွေက "အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ" ကို တဖြည်းဖြည်း ဖြစ်လာစေနိုင်လို့ပါပဲ။ နောက်ပြီး အနီရောင်အသားကို ချေဖျက်ရတာက ရှုပ်ထွေးတဲ့ ပရိုတင်းတွေ၊ အဆီတွေကြောင့် အသည်းအတွက် ဝန်ထုပ်ဝန်ပိုး အရမ်းများပါတယ်။ လေ့လာမှုတစ်ခုအရဆိုရင် ကိုယ်အလေးချိန်များပြီး တိရစ္ဆာန်ကရတဲ့ ပရိုတင်းတွေ အများကြီးစားသုံးသူတွေဟာ မစားတဲ့သူတွေထက် အသည်းအဆီဖုံးနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။
ဒီနေ့ video ကနေ အသိပညာဗဟုသုတတွေ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ သင့်အသည်းကို ကျန်းမာအောင် ဂရုစိုက်ဖို့အတွက် ဒီအစားအစာတွေကို ရှောင်ကြဉ်ပြီး ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို ဖန်တီးလိုက်ကြရအောင်။ နောက်ထပ် ဗဟုသုတရစရာ video တွေအတွက် ကျွန်တော်တို့ channel ကို Like & Subscribe လုပ်ထားဖို့ မမေ့နဲ့နော်